News

POST TAGGED AS

တောင်ငူ

ဖြူးတွင် ဘုန်းကြီးကျောင်း မီးလောင်
တောင်ငူ ၊ မတ် ၂

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် အုတ်ကျင်းကျေးရွာရှိ စန်းမြိုင်ကျောင်းတိုက်တွင် မတ်လ ၁ ရက်နေ့ညနေ ၃ နာခွဲခန့်က လျှပ်စစ်ဝါယာရှော့ဖြစ်ပွားရာမှ အနှစ် ၆၀ ကျော် သက်တမ်းရှိသော ဘုန်းကြီးကျောင်း မီးလောင်ပျက်ဆီး ဆုံးရှူံးခဲ့သည်ဟု ဖြူးမြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။ 

"ဘုန်းတော်ကြီးကျောင်း ဘုရားခန်းက လျှပ်စစ်ဝါယာရှော့်ခ်ဖြစ်ရာက မီးလောင်ကျွမ်းခဲ့တာပါ။ ကျောင်းကပ္ပိယကို အမှုဖွင့်လှစ်ထားပါတယ်"ဟု ဖြူးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ စမ်းမြိုင်ဘုန်းတော်ကြီးကျောင်းရှိ နှစ်ပေါင်း ၆၀ ခန့်ရှိသည့် အလျား ၃၅ ပေ အနံ၂၇ ပေရှိသည့် အုတ်ညှပ် နှစ်ထပ်သစ်သားဆောင်တစ်ခု၏ ဘုရားခန်းတွင် လျှပ်စစ်မီးသီးများ ထွန်းထားရာနေရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ မီးလောင်းရာနေရာသို့ ဖြူးမြို့နယ်မီးသတ်ဦးစီးဌာမှ ယာဉ်နှစ်စင်း မီးသတ်တပ်ဖွဲ့ဝင်၂၂ ဦးဖြင့် မီးငြိမ်းသတ်နိုင်ခဲ့သည့်အတွက် အခင်းဖြစ်ပြီး မိနစ်နှစ်ဆယ်ခန့်တွင် မီးငြိမ်းသွားကြောင်း ဖြူးမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ မီးသတ်ဦးစီးမှူး ဦးတက်ထွန်းက ပြောကြားသည်။

မီးလောင်မှုနှင့်ပတ်သက်ပြီး ကျောင်းကပ္ပိယ ဦးချစ်အောင်ကို (ပ) ၁၂၅/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း အဆိုပါရဲစခန်းမှ စုံစမ်းသိရှိရသည်။

R-15



FOLLOW US