News

POST TAGGED AS

တောင်ငူ

ကုန်​တင်​ယာဉ်​ကို ကျော်​တက်​ရာမှ ဆိုင်​ကယ်​​တိမ်းမှောက်၊ တစ်ဦးသေဆုံး
တောင်​ငူ၊ ​ဖေ​ဖော်​ဝါရီ ၁၅

ပဲခူးတိုင်း​ဒေသကြီး တောင်ငူမြို့နယ်​တွင် ​ဖေ​ဖော်​ဝါရီလ ၁၄ ရက်​နေ့ ညနေက ကုန်တင်ယာဉ်​ကို​ ကျော်​တက်သည့် ဆိုင်ကယ်​တိမ်း​မှောက်​ရာမှ ကား​ဖြင့် ကြိတ်မိပြီး ဆိုင်ကယ်​​မောင်းနှင်သည့် အမျိုးသား သေဆုံးကာ ​နောက်​မှ လိုက်ပါလာသူတစ်​ဦး ထိခိုက်ဒဏ်​ရာများ ရရှိခဲ့ကြောင်း ကျွန်းကုန်းနယ်​​မြေရဲစခန်းမှ စုံစမ်းသိရှိရသည်​။

အဆိုပါ​နေ့ ည​နေ ၅ နာရီခွဲခန့်က ​တောင်​ငူမြို့နယ်​ ရန်​ကုန်​ - မန္တ​လေးလမ်း​ဟောင်း​ပေါ်ရှိ နတ်​စင်​ကုန်း အထက​ ကျောင်း​ရှေ့တွင်​ အသက်​ ၁၉ နှစ်​အရွယ်​ မောင်​​ဇော်​မျိုးထွန်း​မောင်းနှင်​ပြီး နောက်​မှ အသက်​ ၁၉ နှစ်​အရွယ်​ ​​မောင်​​အေးချမ်း​မောင်​ လိုက်ပါလာသည့် ဆိုင်​ကယ်​သည်​ ​တောင်​ငူဘက်​မှ​​ မန္တ​လေးဘက်​သို့​ မောင်းနှင်လာစဉ်​ ​ရှေ့မှ လားရာ​တူ​မောင်းနှင်​​နေသည့် ၁၀ ဘီး ကုန်​တင်ယာဉ်​ကို​ ကျော်​တက်​ရာမှ အရှိန်​လွန်​ကာ တိမ်းမှောက်ပြီး ကား​အောက်​ရောက်​ရှိကာ ကြိတ်​မိခဲ့ခြင်းဖြစ်​ကြောင်း၊ ဆိုင်ကယ်​​မောင်းနှင်သူ ​သေဆုံးကာ ​နောက်​မှလိုက်​ပါလာသူမှာ ထိခိုက်​ဒဏ်​ရာများ​ကြောင့် ​တောင်​ငူ​ဆေးရုံကြီးသို့(စိုးရိမ်​ရ) ပို့ဆောင်​ကုသ​နေရကြောင်း ကျွန်းကုန်း​နယ်​​​မြေ ရဲစခန်းထံမှ သိရသည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကုန်​တင်​​ယာဉ်​​မောင်းနှင့် ဆိုင်ကယ်ယာဉ်မောင်း ​ဇော်မင်းထွန်းတို့နှစ်​ဦးအပေါ် ကျွန်းကုန်းနယ်မြေရဲစခန်းက ယာဉ် ​(ပ) ၂/၂၀၁၈ ရာဇသတ်ကြီး ပုဒ်​မ ၃၀၄ - က/၃၃၈ ဖြင့် အမှုဖွင့်စစ်​ဆေး​​​နေကြောင်း ယင်းစခန်းထံမှ သိရသည်။

R-15



FOLLOW US