News

POST TAGGED AS

တောင်ငူ

03-Feb-2018

စပါး တောင်ငူ
တောင်ငူခရိုင်တွင် စပါးအဝယ်နည်း
တောင်ငူ၊ ဖေဖော်ဝါရီ ၃

တောင်ငူခရိုင်ရှိ တောင်ငူ၊ အုတ်တွင်း အပါအဝင် ၆ မြို့နယ်တွင် မိုးစပါးသစ် ဈေးကောင်း ရရှိနေသော်လည်း ဖေဖော်ဝါရီလ ပထမပတ်မှစတင်ကာ စပါးအဝင်လျော့နည်းသွားကြောင်း စပါးကုန်သည်များထံမှ သိရသည်။

အဆိုပါ စပါး အဝင်နည်းခြင်းကြောင့် စပါးများစွာ သိုလှောင်ထားနိုင်သော ဆန်စက်ကြီးအချို့တွင် နေ့စဉ် လည်ပတ်နိုင်သော်လည်း အချို့ ဆန်စက်များမှာ ပုံမှန် မလည်ပတ်နိုင်ကြောင်း တောင်ငူဒေသခံ ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောသည်။

နွေစပါးနှင့် မိုးစပါးကြား ကာလဖြစ်သည့် ဖေဖော်ဝါရီ၊ မတ်လများတွင် ဒေသတွင်း စပါးထွက်ရှိမှု နည်းပါးသည့်အပြင် တရုတ် ဝယ်လက်များက စပါးထွက်ရှိရာ ကျေးရွာများအထိ ကွင်းဆင်းဝယ်ယူခဲ့ခြင်းကလည်း ဈေးကွက်တွင် စပါးအဝင် နည်းရခြင်းဖြစ်ကြောင်း၊ တောင်ငူခရိုင်တွင် ယခုနှစ် မိုးစပါးပေါ်ချိန် ဈေးကောင်းသော်လည်း စပါးဈေးထက် ဆန်ဈေးက နိမ့်နေသည့်အတွက် ဆန်စက်ကြီးအချို့ပင် ဝမ်းစာစပါး (အိမ်တွင် စားသုံးရန်) ကြိတ်ခွဲမှုကို အားကိုးနေရကြောင်း ဆန်ကုန်သည်ကြီး အချို့က ပြောသည်။ 

ဒေသတွင်း သက်ငယ်စပါးဈေး တင်းတစ်ရာလျှင် ကျပ်ငါးသိန်း သုံးသောင်းခန့် ဈေးရှိရာ ဆန်ဈေးမှာ တစ်အိတ်လျှင် ကျပ်တစ်သောင်း ကိုးထောင်ကျော်သာရသဖြင့် ဆန်စက်ကြီး အချို့ကလည်း ပုံမှန်ကြိတ်ခွဲမှု မလုပ်ကြဘဲ ဆန်ဈေးအပေါ် မူတည်ပြီး ကြိတ်ခွဲနေကြောင်း နေပြည်တော် ကောင်စီနယ်မြေ သာဝတ္ထိမြို့မှဆန်စက် ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

R-15



FOLLOW US