News

POST TAGGED AS

တောင်ငူ

ပဲခူးတိုင်းဝန်ကြီးချုပ် ပြောင်းမည့်သတင်းမဟုတ်ဟုဆို
တောင်ငူ၊ ဖေဖော်ဝါရီ ၂

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နေရာ အစားထိုးမည်ဆိုဟု သတင်းများထွက်ပေါ်နေမှုမှာ သတင်းမှားများ ထွက်ပေါ်နေခြင်းသာဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးက အတည်ပြုပြောဆိုသည်။

ပဲခူးတိုင်း NLD ပါတီဥက္ကဌ ဦးသိန်းဒန်ကလည်း “ကောလာဟလတွေ လျှောက်တင်နေတာပါဗျာ။ ဘယ်ကတက်လို့ တက်နေတာလည်းမသိပါဘူး”ဟု ပြောသည်။

ဝန်ကြီးချုပ် ဦးဝင်းသိန်းနေရာတွင် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်ကို အစားထိုးခန့်အပ်သွားမည်ဟုဆိုသော သတင်းများ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြနေကြခြင်းသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဦးကြည်ဇင်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့က ဆက်သွယ်စုံစမ်းမေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားမှု မပြုခဲ့ချေ။

ကောလာဟလများ ထွက်ပေါ်နေသည်ကို သိရှိထားသော်လည်း နေရာအစားထိုးမည်ဆိုသည်ကို မိမိတို့ မသိရှိထားကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က ရှင်းပြသည်။

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကို တာဝန်ယူခဲ့သည့် ၂ နှစ်ကျော်အတွင်း တိုင်းဒေသကြီးအကျိုးကို စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်ခြင်းမရှိဟုဆိုကာ ဒေသခံအချို့က ဝေဖန်ပြောဆိုမှုများရှိနေပြီး ရာထူးမှ နုတ်ထွက်ပေးရန် ၂၀၁၆ ခုနှစ်က တစ်ကြိမ်၊၂၀၁၇ ခုနှစ်က တစ်ကြိမ်၊ ယခုနှစ် ဇန်နဝါရီလက တစ်ကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

R-15



FOLLOW US