News

POST TAGGED AS

တောင်ငူ

နှစ် ၁၀၀ကျော်သက်တမ်းရှိ ကညင်ပင် ခုတ်သူများကို ဖမ်းမိ


တောင်ငူ၊ ဇန်နဝါရီ ၂၅

ပဲခူးတိုင်း ရေတာရှည်မြို့နယ် မြို့လှသစ်တောကြိုးဝိုင်းထဲက နှစ် ၁၀၀ ကျော် သက်တမ်းရှိသည့် ကညင်ပင် ခုတ်ယူခဲ့သူသုံးဦးကို ဇန်နဝါရီလ ၂၄ ရက် နံနက် ၁ နာရီက ဖမ်းမိခဲ့ကြောင်း ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။

အမြင့် ၈၅ ပေ၊ လုံးပတ်ပေ ၂၀ ရှိသော ကညင်ပင်ကို ယခင်နှစ် ဒီဇင်ဘာလ ၁၉ ရက်က ခုတ်လှဲထားသည်ကို ရေတာရှည်မြို့နယ် သစ်တောဌာနမှ ဝန်ထမ်းများက ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ သစ်ပင်ခုတ်သူများကို ရဲတပ်ဖွဲ့က စုံစမ်းရာမှ တစ်လကျော်အကြာတွင် မြို့လှမြို့ ဇရစ်စမ်းရွာတွင် နေထိုင်သော ဦးဘိုစိန် (၃၈ နှစ်)၊ ဦးဘိုဖြူ (၆၀ နှစ်)၊ ဦးသက်နောင်စိုး (၄၂ နှစ်) တို့က ခိုးယူရန် ခုတ်လှဲထားသည်ကို ပေါ်ပေါက်ခဲ့ကြောင်း ရေတာရှည်မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကညင်ပင်မှာ ၃၅ တန်ကျော်ရှိပြီး ဖမ်းမိသူများကို ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေနဲ့ အမှုဖွင့်ထားကြောင်း၊ ကညင်ပင်ကို မြန်မာ့သစ်လုပ်ငန်းထံ လွှဲပြောင်းပေးရန် လုပ်ဆောင်နေကြောင်း ရေတာရှည်မြို့နယ် သစ်တောဦးစီးမှူး ဦးကျော်ဆန်းမိုးက ပြောကြားသည်။

R-15



FOLLOW US