News

POST TAGGED AS

တောင်ငူ

ခိုးဝင်ဘင်္ဂါလီများကို လက်ခံသည့် သတင်းသမားနှစ်ဦးကို အရေးယူမည်
တောင်ငူ၊ ဒီဇင်ဘာ၂၅

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာတွင် ဒီဇင်ဘာလ ၂၃ ရက် မွန်းလွဲပိုင်းက ခိုးဝင်ဘင်္ဂါလီရှစ်ဦးကို အိမ်၌လက်ခံခဲ့သော မှုခင်းသတင်းထောက်တစ်ဦးနှင့် နယ်မြေခံ သတင်းထောက်တစ်ဦးတို့ကို လဝကအက်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ဖဒိုနယ်မြေ ရဲစခန်းထံမှ သိရသည်။ 

“မှုခင်းသတင်းထောက်ကတ် ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ယောက်နဲ့ နယ်ခံသတင်းထောက်ဖြစ်သူတစ်ဦးရဲ့ နေအိမ်ကနေ ဘင်္ဂါလီရှစ်ဦးကို ပွဲစားနှစ်ယောက်နဲ့အတူ ဖမ်းဆီးရမိတာပါ။ ရခိုင်ပြည်နယ် မင်းပြားဘက်ကရွာက ခေါ်ဆောင်လာတာလို့ သိရတယ်။ လက်ခံတဲ့ အမျိုးသားနှစ်ဦးနဲ့ ခေါ်ဆောင်လာတဲ့ လူနှစ်ယောက်ကိုရော လဝက အက်ဥပဒေနဲ့ တရားစွဲဆိုသွားမှာပါ”ဟု ဖဒို နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒီဇင်ဘာလ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲက ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာတွင် ခိုးဝင်ဘင်္ဂါလီများ ရောက်ရှိနေကြောင်း သတင်းရသဖြင့် ရဲတပ်ဖွဲ့ဝင်များပါသော ပူးပေါင်းအဖွဲ့က သွားရောက်ရှာဖွေရာ မှုခင်းသတင်းထောက် ဦးစံသိန်း (၆၂ နှစ်) ၏ အိမ်မှ ဘင်္ဂါလီအမျိုးသား၊ အမျိုးသမီးခြောက်ဦးကို တွေ့ရှိခဲ့ကြောင်း ၎င်းတို့ကို ရခိုင်ပြည်နယ်မှ ဒီဇင်ဘာလ ၁၇ ရက်တွင် ရန်ကုန်သို့ပို့ဆောင်ရန် ဒေါ်ကြူကြူ ( ၅၈ နှစ်) နှင့် ဦးမျိုးမင်းမင်းထွန်း (၃၃) နှစ်တို့က ခေါ်ဆောင်လာကြောင်း ရဲစခန်းထံမှ သိရသည်။ 

ယင်းနောက် ဆက်လက်စစ်ဆေးရာ မြို့ချောင်းကျေးရွာနေ နယ်ခံသတင်းထောက် ဦးခင်ကို (၆၁ နှစ်) (ခင်ကို - ကျောက်တံခါး) အိမ်မှ ဘင်္ဂါလီနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ တရားမဝင်ဘင်္ဂါလီများကို ခေါ်ဆောင်လာသူနှစ်ဦးနှင့် လက်ခံထားရှိသူများ အပါအဝင် ဘင်္ဂါလီရှစ်ဦးကို ဖဒို နယ်မြေရဲစခန်းက လဝက အက်ဥပဒေဖြင့် အမှုဖွင့်လှစ်ကာ တရားစွဲဆိုမည်ဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။                           

R-15



FOLLOW US