News

POST TAGGED AS

တောင်ငူ

05-Nov-2017

တောင်ငူ
လင်မယားချင်း စကားများသည်ကို ဖျန်ဖြေသူ ဓားဖြင့် အခုတ်ခံရ
တောင်ငူ၊ နိုဝင်ဘာ ၅

ပဲခူးမြို့နယ် ဘုရားကြီးမြို့ အနောက်ပိုင်းရပ်ကွက် တောင်ဆတ်အင်းရွာတွင် ယနေ့(နိုဝင်ဘာ ၅ ရက်)နံနက် ၁ နာရီခန့်က လင်မယားချင်း စကားများသည်ကို ဝင်ရောက်ဖျန်ဖြေသူ ဓားဖြင့်အခုတ်ခံရသဖြင့် သေဆုံးခဲ့ကြောင်း ယင်းနယ်မြေ အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။

ဦးဝင်းပိုင်(၃၆ နှစ်ခန့်)နှင့် ဇနီးဖြစ်သူ ဒေါ်အေးအေးခိုင်(၃၈ နှစ်ခန့်)တို့ စကားများနေသည်ကို တစ်ရွာတည်းနေ ဦးမြင့်နိုင်(၄၅ နှစ်ခန့်)က ဝင်ရောက်ဖျန်ဖြေရာ ဦးဝင်းပိုင်က လည်ပင်းကို ဓားဖြင့်ခုတ်သဖြင့် ဦးမြင့်နိုင် သေဆုံးခဲ့ခြင်းဖြစ်သည်။

ဦးဝင်းပိုင်သည် ယင်းသို့ ဓားဖြင့်ခုတ်သတ်ပြီးနောက် မိမိနေအိမ်ကိုပါ မီးရှို့ကာ ထွက်ပြေးသွားသည်။ ထို့ကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝင်းပိုင်ကို ဘုရားကြီးနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၄၃၆ ဖြင့် အမှုဖွင့်ပြီး ဖမ်းမိရေးစုံစမ်းနေကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

R-15

  • VIA


FOLLOW US