News

POST TAGGED AS

တောင်ငူ

08-Sep-2017

တောင်ငူ
တောင်ငူ အစ္စလာမ်သချိုင်္င်းတွင် လက်နက်များ ဖွက်နေဆိုသော သတင်းမဟုတ်ဟု ရဲတပ်ဖွဲ့ ပြောကြား
တောင်ငူ၊ စက်တင်ဘာ ၈

တောင်ငူမြို့နယ် မိုးကောင်းကျေးရွာအုပ်စု ကချောင်းကျေးရွာရှိ အစ္စလာမ် ဘာသာဝင်များ၏ သချိုင်္င်းတွင် အုတ်ဂူများဖောက်ကာ လက်နက်များ ဖွက်ထားသည်ဆိုသည့် သတင်းမှာ ကောလာဟလသာ ဖြစ်သည်ဟု တောင်ငူမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ စုံစမ်းသိရှိရသည်။

“အစ္စလာမ် ဘာသာဝင်တွေ ဓလေ့အရ ဆယ်နှစ်ပြည့်ချိန် အလောင်းပြန်ဖော်ပြီး အရိုးကောက်တဲ့ ဓလေ့အရ လုပ်ဆောင်ကြတာပါ။ မြို့နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ သွားရောက်စစ်ဆေးပြီး ဖြစ်ပါတယ်” ဟု ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောဒေသကို ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ကမ္ဘာက ပိုမိုအာရုံစိုက်လာစေရန်နှင့် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုကို ထောက်ခံမှု ရရှိစေရန် မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများ ဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် အပါအ၀င် အခြားမြို့ကြီးများ၌ အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်း တပ်မတော်က စက်တင်ဘာလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အစိုးရကလည်း Facebook, Twitter, YouTube စသည့် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းအမှား ဖြန့်ချိနေသည်ကို တွေ့ရှိရကြောင်း၊ သို့ဖြစ်ပါ၍ Facebook, Twitter နှင့် YouTube စသည့် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းအချက်အလက် မှန်၊ မမှန် စိစစ်ပြီးမှသာ မျှဝေခြင်း ပြုလုပ်ကြပါရန်၊ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော သတင်းအမှားများကို အထူးသတိပြုကြပါရန် ထုတ်ပြန်ထားသည်။

R-15
ဓာတ်ပုံ-Ko Sai



FOLLOW US