News

POST TAGGED AS

တောင်ငူ

လာဘ်ပေး၊ လာဘ်ယူမှု မပေါ်ပေါက်ရန် ကြိုးပမ်းနေဟုဆို

တောင်ငူ၊ သြဂုတ် ၁၉

မိမိတာဝန် ယူစဉ်ကာလအတွင်း ကျောင်းဆရာ၊ ဆရာမများ အပါအဝင် ပညာရေး ဝန်ထမ်းများအနေနှင့် လာဘ်ပေး၊ လာဘ်ယူမှု မပေါ်ပေါက်စေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ် ၁၉ ရပ်ကွက် အထက (၁) တွင် ယနေ့ (သြဂုတ်လ ၁၉ ရက်) မွန်းလွဲပိုင်းက ပညာရေးဝန်ကြီးနှင့် ပညာရေးဝန်ထမ်းများ တွေ့ဆုံရာ ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပညာရေးဝန်ထမ်းတွေ အကြောင်း အမျိုးမျိုးကြောင့် အရေးယူခံရရင် ကာယကံရှင်အတွက်လည်း မကောင်းသလို ဝန်ကြီးဌာနတွက်လည်း မကောင်းပါဘူး။ ကျွန်တော် တာဝန်ယူစဉ် ကာလအတွင်းမှာ ဒီလိုကိစ္စတွေ မပေါ်ပေါက်ဖို့လည်း ကြိုးပမ်းနေပါတယ်”ဟု ပညာရေးဝန်ကြီးက ပြောကြားသည်။

ယခုစာသင်နှစ်အတွက် ကျောင်းဆရာ၊ ဆရာများကို ဝတ်စုံစားရိတ် တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် အခြေခံပညာ ဆရာဦးရေ ၃၇၀,၀၀၀ ကျော်အတွက် ငွေကျပ် ၃ ဒသမ ၈ ဘီလီယံဖိုး ထောက်ပံပေးခဲ့ပြီး လစာစားရိတ် ချီးမြင့်ငွေကို ထိုက်သင့်သလောက် ပေးအပ်ထားပြီး ဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။

R-15



FOLLOW US