News

POST TAGGED AS

တောင်ကိုရီးယား

မေလတွင် မြောက်ကိုရီးယား နျူကလီးယားစခန်း ပိတ်မည်

ဆိုးလ်၊ ဧပြီ ၂၉

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ၎င်း၏ နျူကလီးယားစမ်းသပ်ရေးစခန်းကို မေလအတွင်းတွင် မြောက်ကိုရီးယားရှိ ပိတ်သိမ်းသွားမည်ဖြစ်ပြီး ကျွမ်းကျင်သူများ၊ တောင်ကိုရီးယားနှင့် အမေရိကန်မှ ဂျာနယ်လစ်များကို စခန်းပိတ်သိမ်းမှု အတည်ပြုရန် ဖိတ်ခေါ်သွားမည်ဟု တောင်ကိုရီးယား သမ္မတရုံးက ယနေ့ (ဧပြီ ၂၉ ရက်) တွင် ထုတ်ပြန်ခဲ့သည်ကို CNN သတင်းဌာနတွင် ဖော်ပြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ကင်ဂျုံအန်းမတွေ့ဆုံမီ ယခုဖြစ်စဉ်မှာ ကိုရီးယားကျွန်းဆွယ်အရေးတွင် နောက်ဆုံး ပြောင်းလဲတိုးတက်မှုဖြစ်သည်။ ထရမ့်က လာမည့် သုံးလေးပတ်အတွင်း ဆွေးနွေးပွဲ ကျင်းပဖြစ်နိုင်ကြောင်း ပြီးခဲ့သည့် စနေနေ့က ထုတ်ဖော်ပြောကြားထားသည်။

ပြီးခဲ့သည့် သောကြာနေ့က တောင်မြောက်ခေါင်းဆောင်များ သမိုင်းဝင် ထိပ်သီး ဆွေးနွေးပွဲတွင် ကင်က တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကို ယင်းကိစ္စ အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထိပ်သီးဆွေးနွေးပွဲအပြီးတွင် ကင်ဂျုံအန်းသည် ၁၉၅၃ ကိုရီးယားစစ်ပွဲဖြစ်ပြီးနောက်ပိုင်း တောင်ကိုရီးယားမြေထဲသို့ ပထမဆုံး ခြေချသည့် မြောက်ကိုရီးယား ခေါင်းဆောင်တစ်ဦး ဖြစ်သွားခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို နျူကလီးယား လက်နက်ဖြင့် ချိန်ရွယ်ပစ်ခတ်ဖို့ ရည်ရွယ်ချက်လည်း မရှိပါဟု ညီလာခံ ပြုလုပ်နေစဉ်တွင် ကင်ဂျုံအန်းက မွန်ဂျေအင်းကိုပြောပြခဲ့သည်ဟု တောင်ကိုရီးယားသမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

F-06



FOLLOW US