News

POST TAGGED AS

တောင်ကိုရီးယား

မြောက်ကိုရီးယား၏ နျူကလီးယား ပြဿနာကြောင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ တစ်ပတ်ကြာ ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့က ကိုရီးယားကျွန်းဆွယ်အနီး ရေပြင်တွင် စတင်လိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံမှ ဟက်ကာများသည် ကင်ဂျုံအန်ကို လုပ်ကြံသတ်ဖြတ်မည့် အစီအစဉ် အပါအဝင် တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ အချက်အလက်များကို ဖောက်ထွင်းခိုးယူသွားသည်ဟူသော သတင်းထွက်ပေါ်လာကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ဟောင်ကောင်ပညာရေးစနစ်သည် စင်ကာပူ၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့နောက်ကို ရောက်နေသေးသည်ဟု ဆိုရမည်။ ယင်းကလည်း Economist Intelligence Unit Index အရ ပိုင်းဖြတ်ကြည့်ခြင်း ဖြစ်သည်။ ထိုလေးနိုင်ငံစလုံးတွင် တူညီသည့် အချက်တစ်ခုမှာ (စာမေးပွဲစနစ်) ကို ကျင့်သုံးနေကြသေးခြင်းဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းရှိ ဒုံးကျည်လက်နက် ထုတ်လုပ်ရေး စက်ရုံတစ်ခုမှ ဒုံးကျည်အချို့ကို အခြားနေရာများသို့ စတင်ရွှေ့ပြောင်းမှုများ ပြုလုပ်နေပြီဖြစ်သည်ဟု တောင်ကိုရီးယားရုပ်သံ KBS က ဖော်ပြကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကတိုက်ရှိ အမေရိကန် ပြည်ထောင်စုကို ဒုံးကျည်များဖြင့် ပစ်မှတ်ထား ချိန်ရွယ်ထားရမည့်ကိစ္စကို ဧကန်မုချ လုပ်ဆောင်မည်သာဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံက ထုတ်ဖော်ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယားက ဟိုက်ဒြိုဂျင်ဗုံးစမ်းသပ်ဖောက်ခွဲခဲ့ပြီးနောက် စက်တင်ဘာလ ၄ ရက်နေ့တွင် တောင်ကိုရီးယားက မြောက်ကိုရီးယားဒုံးကျည်စခန်းနှင့် ကင်ဂျုံအန်းအစိုးရကို ချေမှုန်းသည့်အသွင် ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်ပြီး တုံ့ပြန်ခြိမ်းခြောက်ခဲ့ကြောင်း CNN သတင်းဌာနကဖော်ပြသည်။
မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယား စီမံကိန်းများကြောင့် တင်းမာမှု မြင့်တက်နေစဉ်တွင် အမေရိကန်နှင့် တောင်ကိုရီးယားတပ်ဖွဲ့များသည် ကွန်ပျူတာဖြင့် သရုပ်ဖော် စစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို သြဂုတ်လ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အမေရိ ကန်နယ်နိမိတ် ဂူအမ်ကျွန်းကို ဒုံးကျည်များဖြင့် ပစ်လွှတ်တိုက်ခိုက်မည့် အစီအစဉ်အား ခေါင်းဆောင်ကင်ဂျုံအန်းက စစ်ဆေးခဲ့သော်လည်း မြောက်ကိုရီးယားဘက်မှ စတင် တိုက်ခိုက်မည်မဟုတ်ကြောင်း နိုင်ငံပိုင် မီဒီယာ၏ဖော်ပြချက်ကို ကိုးကား၍ BBC သတင်းကဖော်ပြသည်။
ကုလသမဂ္ဂ ဒဏ်ခတ်အရေးယူမှု ဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ရေးဆွဲခဲ့သည့်အတွက် အမေရိကန်ပြည်ထောင်စုအနေနှင့် ကြေးကြီးကြီး ပြန်လည် ပေးဆပ်ရအောင် လက်တုံ့ပြန်သွားမည်ဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံက ခြိမ်းခြောက်ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
တောင်ကိုရီးယား လစ်ဘရယ်လ်သမ္မတသစ် မွန်ဂျီအင်သည် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား အပါအဝင် အာရှအရှေ့မြောက်ဒေသရှိ နိုင်ငံများက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရလိုကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ အင်ဖန်တီနိုကို လက်ခံတွေ့ဆုံရာတွင် ဖွင့်ဟပြောကြား တောင်းဆိုလိုက်သည်ဟု Sky Sports က ဖော်ပြထားသည်။