News

POST TAGGED AS

တောင်ကိုရီးယား

ကိုရီးယားနှစ်နိုင်ငံအကြား ၂ နှစ်ကျော်အတွင်း ပထမဆုံးဆွေးနွေးပွဲများ ထွက်ပေါ်လာအောင် အစပျိုး ကူညီပေးခဲ့သည့်အတွက် သမ္မတဒေါ်နယ်ထရမ့်သည် ဂုဏ်ထူးမှတ် ကောင်းကောင်းနှင့် ထိုက်တန်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်းက ပြောကြားလိုက်ပြီး ရန်စမှုများ ဆက်လက်ပြုလုပ်ပါက ပြင်းထန်သော အရေးယူပိတ်ဆို့မှုများနှင့် ရင်ဆိုင်ရမည်ဟု ပြုံယမ်းကို သတိပေးလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
တောင်ကိုရီးယားနိုင်ငံ ပြုံချမ်းတွင် ကျင်းပမည့် ၂၀၁၈ ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော်သို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်သွားမည်ဟု မြောက်ကိုရီးယားဘက်က အတည်ပြုခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
လာမည့် ဖေဖော်ဝါရီလတွင် တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲနှင့် ပတ်သက်၍ တောင်ကိုရီးယားအစိုးရနှင့် အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲ ကျင်းပပြုလုပ်မည့်ကိစ္စကို မြောက်ကိုရီးယားနိုင်ငံက လက်သင့်ခံလိုက်ကြောင်း BBC က ရေးသားဖော်ပြသည်။
နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်ကာ မြောက်ကိုရီးယားသို့ လောင်စာဆီပို့ဆောင်မည်ဟု သံသယရှိသော ဟောင်ကောင်အလံတင် သင်္ဘောတစ်စင်းကို ဖမ်းဆီးထားသည်ဟု တောင်ကိုရီးယားက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ယခုအခါပိတ်လိုက်ပြီဖြစ်သည့် တောင်မြောက်ပူးတွဲစက်မှုဇုန်မှ ရရှိသည့်ငွေများကို မြောက်ကိုရီးယားက လက်နက်စီမံကိန်းတွင် သုံးစွဲခဲ့သည်ဟု ယခင် တောင်ကိုရီးယားအစိုးရ၏ စွပ်စွဲချက်အတွက် သက်သေမရှိကြောင်း ရိုးသားစွာ လက်ခံပါကြောင်း” လက်ရှိ တောင်ကိုရီးယား အစိုးရက ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အမြန်ရထား လမ်းပိုင်းများတွင် ထည့်သွင်းပြေးဆွဲနိုင်ရန် တောင်ကိုရီးယားနိုင်ငံထုတ် ရထားတွဲဆိုင်း ၁၀၀ ဝယ်ယူရန် စီစဉ်နေကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာမီးရထားထံမှ သိရသည်။
တောင်ကိုရီးယားရှိ Crypto-Currency ငွေလဲဌာနကို ကွန်ရက်ဖောက်ထွင်းမှုပြုသည့် နောက်ကွယ်တွင် မြောက်ကိုရီးယားရှိနေသည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီများက ယူဆထားကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး BBC သတင်းဌာနက ဖော်ပြသည်။
တောင်ကိုရီးယားနှင့် အမေရိကန်စစ်တပ်တို့ ပူးပေါင်းလျက် မြောက်ကိုရီးယားအနီးတွင် ဧရာမလေကြောင်း ထိုးစစ်စစ်ဆင်ရေးစစ်ရေး လေ့ကျင့်လျက်ရှိရာတွင် အမေရိကန်စွမ်းအားမြင့် ဖိုက်တာဂျက် B-1B လေဆာဗုံးကြဲလေယာဉ်များ အသုံးပြုပြီး ပါဝင်လေ့ကျင့်လျက်ရှိကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။
ဗုဒ္ဓဟူးနေ့က တောင်ကိုရီးယားတွင် ရှားရှားပါးပါး လှုပ်သွားခဲ့သော မြေငလျင်သည် မှတ်တမ်းများအရ ဒုတိယမြောက် အပြင်းထန်ဆုံးဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
အစောင့်အကြပ်များ အထူးတင်းကျပ်စွာချထားသော စစ်မက် မဖြစ်ပွားရေးဇုန်မှတစ်ဆင့် တောင်ကိုရီးယားဘက်သို့ ထွက်ပြေးခဲ့သူ တစ်ဦးအား မြောက်ကိုရီးယားတပ်ဖွဲ့က ပြင်းပြင်းထန်ထန် ပစ်ခတ် ခဲ့ရာ ကျည်ဆန်ငါးချက် ထိမှန်သွားသော ကြောင့် တောင်ကိုရီးယားဆရာဝန်များက အစွမ်းကုန် ကုသပေးလျက်ရှိကြောင်း ဃြ သတင်းဌာနက ရေးသားဖော်ပြသည်။