News

POST TAGGED AS

တောင်ကိုရီးယား

ဆောင်းရာသီအိုလံပစ် ပူးပေါင်းပါဝင်မှုကြောင့် ကိုရီးယားကျွန်းဆွယ် တင်းမာမှုများ ပြေလျော့လာချိန်တွင် မြောက်ကိုရီးယားက ထိပ်ပိုင်းအဆင့် တာဝန်ရှိသူတစ်ဦးကို နှစ်ပေါင်းများစွာအတွင်း တောင်ကိုရီးယားသို့ ပထမဆုံးအကြိမ် စေလွှတ်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
တောင်ကိုရီးယားတွင် ဆောင်းရာသီ အိုလံပစ်ပွဲမကျင်းပမီ တစ်ရက်အလိုတွင် မြောက်ကိုရီးယား၌ အကြီးစားစစ်ရေးပြချီတက်ပွဲ ပြုလုပ်ရန် စီစဉ်ထားမှုနှင့်ပတ်သက်၍ မြောက်ကိုရီးယားက ခုခံပြောကြားခဲ့ပြီး အချိန်ကိုက် ရည်ရွယ်လုပ်ဆောင်ခြင်းမဟုတ်ဟု ဖြေရှင်းခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
ကမ္ဘာကြီးရင်ဆိုင်နေရသော လုံခြုံရေး ခြိမ်းခြောက်မှုများထဲတွင် မြောက်ကိုရီးယား၏ နျူကလီးယားနှင့်ဒုံးကျည် ခြိမ်းခြောက်မှုများသည် တောင်ကိုရီးယားက ဆက်လက်တုံ့ပြန်နေရမည့် ဖြစ်လုဆဲဆဲ အဆုံးဝါးဆုံးပြဿနာဖြစ်သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဆွန်ယောင်မူးက ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
မြန်မာ - ကိုရီးယား နှစ်နိုင်ငံပူးပေါင်း၍ ဆောက်လုပ်မည့် စက်မှုဇုန်စီမံကိန်းကို ၂၀၁၈ ခုနှစ်အတွင်း စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
တောင်ကိုရီးယားနိုင်ငံ မီရမ်မြို့ရှိ ဆေးရုံတစ်ရုံမီးလောင်မှုတွင် ၃၇ ဦး သေဆုံးကာ ၁၃၀ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
အိုလံပစ်ပွဲတွင် ပူးပေါင်းယှဉ်ပြိုင်ရေးအတွက် လေ့ကျင့်ရန် မြောက်ကိုရီးယားတာဝန်ရှိသူများနှင့် ရေခဲပြင်ဟော်ကီ အားကစားသမားများ ကြာသပတေးနေ့က နယ်စပ်ကို ဖြတ်ကူးကာ တောင်ကိုရီးယားဘက်ခြမ်းသို့ ရောက်ရှိလာကြသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
ရာထူးမှ နုတ်ထွက်ခဲ့ရသူ သမ္မတပတ် ဂွန်ဟီးအစိုးရအပေါ် ဝေဖန်သူများဟု ယူဆရသူ အနုပညာရှင် ၁၀,၀၀၀ ခန့်ကို နာမည်ပျက်စာရင်းသွင်းရာတွင် ပါဝင်ပတ်သက်မှုဖြင့် ယဉ်ကျေးမှုဝန်ကြီးဟောင်း ချိုယွန်ဆန်ကို တောင်ကိုရီးယား အယူခံတရားရုံးက အင်္ဂါနေ့တွင် ထောင်ဒဏ်ချမှတ်လိုက်သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။
မြေပြင်မိုးလေဝသ တိုင်းထွာရေးစခန်း ၄၀ ကို ကိုရီးယားနိုင်ငံအကူအညီဖြင့် အဆင့်မြှင့်တင်လျက်ရှိရာ လက်ရှိတွင် ထက်ဝက်ခန့် ပြီးစီးနေပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန (နေပြည်တော်) ထံမှ သိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် တရားမဝင် ရောက်ရှိနေသည့် နိုင်ငံခြားသားများကို ဖမ်းဆီးရန် ကိုရီးယားနိုင်ငံ တရားရေးရာဝန်ကြီးဌာနက ဇန်နဝါရီလ ၁၆ ရက်တွင် ထုတ်ပြန်ပြီးနောက် မြန်မာအလုပ်သမားများ လူစည်ကားရာနေရာများသို့ အသွားအလာ နည်းပါးနေကြောင်း ကိုရီးယားနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းခွင်၌ လုပ်ကိုင်နေသော မြန်မာအလုပ်သမား ကိုမျိုးလင်းက ပြောကြားသည်။
မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများ ဖြစ်ပေါ်လာသည့်ကိစ္စတွင် ပြုံယမ်းက ၎င်း၏ နျူကလီးယားလက်နက် အစီအစဉ် ဆက်လုပ်နိုင်ရန်အတွက် အချိန်ဆွဲနေသည်ဟု နိုင်ငံတကာက သတိပေးနေသော်လည်း အကြီးတန်းအဆင့် ဆွေးနွေးမှုများကို အမြင်ကြည်ကြည်ဖြင့် ဆက်လက်ပြုလုပ်သွားမည်ဟု တောင်ကိုရီးယားက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။