News

POST TAGGED AS

တောင်ကိုရီးယား

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်းနှင့် ထိပ်သီးဆွေးနွေးပွဲ မကျင်းပမီ သီတင်းတစ်ပတ်ခန့်အလိုတွင် မြောက်ကိုရီးယား ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းက နျူကလီးယားနှင့် ပဲ့ထိန်း ဒုံးကျည်စမ်းသပ်သည့် အစီအစဉ်များအား အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းမည်ဟု ကြေညာလိုက်ကြောင်း သတင်းမီဒီယာများက ရေးသားဖော်ပြသည်။
တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်များအကြား အရေးတကြီးဆက်သွယ်နိုင်မည့် Hotline တစ်ခုကို ဧပြီလ ၂၀ ရက် (သောကြာနေ့) တွင် စဖွင့်လိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရအရာရှိကြီးများ၏ ပြောကြားချက်ကို AFP သတင်းဌာနက ကိုးကားဖော်ပြသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားသုံးဆူကို ပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက် ကိုရီးယားနိုင်ငံက ကမ်းလှမ်းထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။
လာမည့်ဧပြီလအတွင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့နှစ်ဦး ထိပ်သီးဆွေးနွေးပွဲမကျင်းပမီ ယခု မတ်လ ၂၉ ရက်နေ့၌ နှစ်နိုင်ငံ အစိုးရအရာရှိကြီးများ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်ဟု တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ကြေညာကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း ချောင်ချီအွန်းပြည်နယ် အုပ်ချုပ်ရေးမှူး အန်ဟီဂျွန်းသည် ၎င်း၏ အတွင်းရေးမှူး အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာစော်ကားမှု များကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်များထွက်ပေါ်လာပြီးနောက် ရာထူးမှနုတ်ထွက်သွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
တောင်ကိုရီးယားနိုင်ငံ ပြုံချမ်းတွင်ကျင်းပသော သံတမန်ရေးလွှမ်းမိုးသည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ အငြင်းပွားဖွယ် မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီးနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမီးဖြစ်သူတို့ တက်ရောက်ခဲ့ကြကြောင်း AFP သတင်းဌာနက ဖော်ပြထားသည်။
ဆောင်းရာသီအိုလံပစ် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်မည့် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို တင်ဆောင်လာသော ယာဉ်တန်းကိုပိတ်ဆို့ရန် တောင်ကိုရီးယားဆန္ဒပြသူများက ကြိုးစားခဲ့ကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၏ အနုတ် ၅ ဒီဂရီ အေးမြသောရာသီထဲတွင် လူတွေက အနွေးထည် ထူထူကြီးတွေဝတ်ပြီး တစ်နေရာမှ တစ်နေရ ပြေးလွှားနေကြသည်။ Coex ဆိုသည့် အဆောက်အအုံကြီးတစ်ခုထဲတွင် အပူလွှတ်ထားသောကြောင့် လူများ သက်သောင့်သက်သာဖြင့် သွားလာနိုင်ကြသည်။ အချို့ဆိုလျှင် တီရှပ်များနှင့်ပင် လျှောက်သွားနေကြသည်။ တီရှပ်ဆိုသော်လည်း ကုမ္ပဏီတံဆိပ်ပါ ယူနီဖောင်းများဖြစ်သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ ၂၈ နှစ်အရွယ် နှမဖြစ်သူသည် တောင်ကိုရီးယား ဆောင်းရာသီအိုလံပစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။