News

POST TAGGED AS

တောင်ကိုရီးယား

တောင်ကိုရီးယား လစ်ဘရယ်လ်သမ္မတသစ် မွန်ဂျီအင်သည် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား အပါအဝင် အာရှအရှေ့မြောက်ဒေသရှိ နိုင်ငံများက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရလိုကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ အင်ဖန်တီနိုကို လက်ခံတွေ့ဆုံရာတွင် ဖွင့်ဟပြောကြား တောင်းဆိုလိုက်သည်ဟု Sky Sports က ဖော်ပြထားသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ပဲ့ထိန်းလမ်းညွှန်စနစ်သုံး ဒုံးကျည်သစ်တစ်မျိုး စမ်းသပ်မှုကို ကြီးကြပ်ခဲ့ပြီး နောက်ထပ် မဟာဗျူဟာမြောက် ဖျက်စွမ်းအားကြီးသော လက်နက်များကို စမ်းသပ်ရန် ညွှန်ကြားလိုက်သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ကြေညာကြောင်း
တောင်ကိုရီးယား အစိုးရ အာဏာပိုင်များသည် ၂၀၁၈ ခုနှစ်တွင် ကျင်းပမည့် ပြုံးချမ်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအတွက် မသွားရဇုန်ကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
တောင်ကိုရီးယား သမ္မတသစ်အဖြစ် မွန်ဂျေအင်း ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး စီးပွားရေး၊ မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတို့ကို အဓိကထား ကိုယ်တွယ်သွားမည်ဟု ပထမဆုံး သမ္မတမိန့်ခွန်းတွင် ထည့်ပြောသွားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
မဟာဗျူဟာမြောက် အမေရိကန် ဗုံးကြဲလေယာဉ်များသည် တောင်ကိုရီးယားနှင့် ဂျပန်လေတပ်မှ လေယာဉ်များနှင့် လေ့ကျင့်ပျံသန်းမှုများ ပြုလုပ်ကာ ထပ်မံအင်အားပြသမှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယားစစ်ပွဲသို့ တွန်းပို့နေသည်ဟု မြောက်ကိုရီးယားက စွပ်စွဲလိုက်ကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။
တောင်ကိုရီးယား အမျိုးသားတစ်ဦးသည် စား၍ရသော bullfrog အကြီးစား ဖားမျိုးနှင့် မှားယွင်းကာ ဖားပြုပ်များကို စားသုံးခဲ့ပြီးနောက် အဆိပ်သင့်ကာ သေဆုံးသွားခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
တောင်ကိုရီးယားနိုင်ငံတွင် မိဘများသည် မိမိတို့ဝင်ငွေ၏ ၇ ရာခိုင်နှုန်းကို ပညာရေးအတွက် အသုံးပြုပေးလျက်ရှိကြောင်း Korea Herald သတင်းတွင် ဖော်ပြထားသည်။
“၁၀ တန်းအောင်ရင် ရွာမှာ အထင်မကြီးဘူး၊ ကိုရီးယား စားမေးပွဲအောင်ရင် အထင်ကြီးတယ်” ဟု ကိုသန့်မင်းဇော်က ပြောလိုက်ရာ သူငယ်ချင်းတစ်ဖွဲ့၏ ရယ်သံများ ဝေါခနဲ ထွက်လာသည်။
အရှေ့တောင်အာရှဒေသသို့ နောက်မှ ဝင်ရောက်လာသူ ဖြစ်သဖြင့် တောင်ကိုရီးယားသည် နေပြည်တော်ရထား မမီသည့် ဖြစ်ရပ်မျိုးကို အန္တရာယ်ယူ လုပ်ဆောင်နိုင်တော့မည် မဟုတ်ပေ။
တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတ ပတ်ဂွမ်ဟီးသည် ရာထူးမှ ပထမဆုံး ထုတ်ပယ်ခံရသော ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံ ခေါင်းဆောင် ဖြစ်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။