News

POST TAGGED AS

ညောင်ဦး

ညောင်ဦးတွင် ၁၃ ရာစုလက်ရာ ရှေးဟောင်းအဆောက်အအုံများတွေ့


မန္တလေး၊ ဇူလိုင် ၁၂

ညောင်ဦးမြို့နယ် မြောင်ကန်ကျေးရွာတွင် ၁၃ ရာစုလက်ရာ ရှေးဟောင်းအဆောက်အအုံများ တွေ့ရှိထားကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ဒုတိယညွန်ကြားရေးမှူး ဦးစိုးစိုးလင်းက ပြောကြားသည်။

ယင်းတွေ့ရှိခဲ့သည့်နေရာကို ဇူလိုင်လ ၁၁ ရက်နေ့က ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ တံတိုင်းပတ်လည်ပါ ရှေးဟောင်းအဆောက်အအုံ ၁၈ ခုခန့် တွေ့ရှိရကြောင်း၊ ၁၃ ရာစုလက်ရာများဟု ခန့်မှန်းထားပြီး အကျယ်အဝန်း နှစ်ဧကခန့်ရှိကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်တော်တို့အနေနဲ့က စနစ်တကျစီမံပြီးတော့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ဆောင်သွားပါမယ်။ ဒေသကျေးရွာ ဆိုက်တစ်ခုအနေနဲ့ ဆောင်ရွက်သွားရမယ်။ ရှေးမူလက်ရာမပျက် ထိန်းသိမ်းမှုတွေ ဆောင်ရွက်ရမယ်။ သုတေသနတွေလည်း လုပ်ဖို့လိုမယ်”ဟု ဦးစိုးစိုးလင်းက ဆက်လက်ပြောဆိုသည်။

ရှေးဟောင်း အဆောက်အအုံများကို မန္တလေးတိုင်း ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးမြို့နယ် ကြအိုအုပ်စု မြောင်ကန်ကျေးရွာ၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။  

M-05



FOLLOW US