News

POST TAGGED AS

ညောင်တုန်းမြို့နယ်

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစောမောင်စိုးကို လူ ၈ ဦးက အိမ်ပေါ်တက်ကာ ထိုးကြိတ်ရိုက်နှက်မှုနှင့် ပတ်သက်၍ မေလ ၂၁ ရက်က အမှုဖွင့်ကာ တိုင်ကြားထားကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီး သုံးထပ်ဆောင် တည်ဆောက်နေသည့် လုပ်ငန်းများကို ရက်အကန့်အသတ်မရှိ ရပ်တန့်ထားရန် ဆောက်လုပ်ခွင့်ရ တော်ဝင်အောင်မြေ ကုမ္ပဏီကို တိုင်းဒေသကြီးအစိုးရအဖွဲ့က မေလ ၁၁ ရက်တွင် ညွှန်ကြားထားသည်။
ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်ရှိ ကျေးရွာ ၄ ရွာမှ ဒေသခံများက အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းမှ တပ်ဆင်ပေးမည့် တရုတ်နိုင်ငံလုပ် ဆိုလာပြားများကို လက်မခံကြောင်း ယင်းကျေးရွာရှိ ကျေးရွာမီးလင်းရေး ကော်မတီများထံမှ သိရသည်။
ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအရာရှိများ အပါအဝင် ၇ ဦးကို နစ်နာကြေး ကျပ်သိန်းနှစ်သောင်းရလိုကြောင်း ပင်လုံရတနာ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက တရားစွဲဆိုထားမှုကို မတ်လ ၇ ရက်က ဧရာဝတီတိုင်း တရားလွှတ်တော်က ပလပ်မိန့်ချမှတ်ခဲ့ကြောင်း တရားပြိုင်များထံမှ သိရသည်။