POST TAGGED AS

ဆွေးနွေးပွဲ

တောင်နှင့် မြောက်ကိုရီးယားခေါင်းဆောင်နှစ်ဦး ဆက်သွယ်နိုင်မည့် Hotline စဖွင့်


ဆိုးလ်၊ ဧပြီ ၂၀

တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်များအကြား အရေးတကြီးဆက်သွယ်နိုင်မည့် Hotline တစ်ခုကို ဧပြီလ ၂၀ ရက် (သောကြာနေ့) တွင် စဖွင့်လိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရအရာရှိကြီးများ၏ ပြောကြားချက်ကို AFP သတင်းဌာနက ကိုးကားဖော်ပြသည်။ 

ယင်း Hotline သည် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ ထိပ်သီးဆွေးနွေးပွဲမကျင်းပမီ ရက်သတ္တတစ်ပတ်ခန့်အလိုတွင် စဖွင့်လိုက်ခြင်းလည်းဖြစ်သည်။ အဆိုပါ Hotline သည် ဆိုးလ်မြို့ရှိ တောင်ကိုရီးယားသမ္မတရုံး (Blue House) နှင့် ပြုံယမ်းမြို့ရှိ မြောက်ကိုရီးယားနိုင်ငံတော်ရေးရာ ကော်မရှင်ရုံးတို့အကြား ဆက်သွယ်ပေးထားကြောင်း သိရသည်။ 

“ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးအကြား သမိုင်းတွင်စေမယ့် ဆက်သွယ်ရေးစနစ်တစ်ခုကို စတင်ထူထောင်နိုင်ခဲ့ပါပြီ” ဟု တောင်ကိုရီးယားသမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ ယွန်ကွန်ယောင်းကပြောကြားသည်။

ယင်း Hotline ကို နှစ်နိုငံမှ အစိုးရအရာရှိကြီးများ ၄ မိနစ်နှင့် ၁၉ စက္ကန့်ကြာမျှ စမ်းသပ်ပြောဆိုမှုပြုလုပ်ခဲ့ပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။

F-01



FOLLOW US