News

POST TAGGED AS

ဆေးဝါး

ဆေးခြောက်အခြေခံ ဆေးဝါးများတင်ပို့ရန် ဩစတြေးလျ ခွင့်ပြု
ဆစ်ဒနီ၊ ဇန်နဝါရီ ၉

ဩစတြေးလျနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆေးခြောက်အခြေခံ ဆေးဝါးများတင်ပို့ခွင့်ပြုသော စတုတ္ထမြောက်နိုင်ငံ ဖြစ်လာသည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။

ယခုပြုပြင်ပြောင်းလဲမှုသည် ဩစတြေးလျကို ဆေးခြောက်အခြေခံဆေးဝါး ဈေးကွက်တွင် ကမ္ဘာ့ဦးဆောင်နိုင်ငံ ဖြစ်လာအောင် အထောက်အကူပြုလိမ့်မည်ဟု ဖက်ဒရယ်အစိုးရက မျှော်လင့်ထားသည်။

ဩစတြေးလျထုတ် ဆေးခြောက်အခြေခံဆေးဝါးများ တင်ပို့ခွင့်ပြုမည့် ဥပဒေသစ်သည် ဖေဖော်ဝါရီလတွင် စတင်သက်ရောက်မည်ဟု ဖက်ဒရယ် ကျန်းမာရေးဝန်ကြီးက ပြောကြားသည်။

ဥပဒေသစ်ကြောင့် ဩစတြေးလျထုတ် ဆေးခြောက်အခြေခံ လိမ်းဆေး၊ ငုံဆေး၊ ဖျန်းဆေးနှင့် ဆေးလုံးများကို ပင်လယ်ရပ်ခြားသို့ ပထမဆုံးအကြိမ် တင်ပို့ရောင်းချခွင့် ရတော့မည်ဖြစ်သည်။ ဆေးခြောက်ပင်အခြေခံ ဆေးဝါးကုထုံးများသည် ကင်ဆာအပါအဝင် ရောဂါများကြောင့် ပြင်းထန်စွာ နာကျင်ခံစားရမှုများကို လျော့ပါးစေနိုင်သည်ဟု စည်းရုံးလှုံ့ဆော်သူများက ပြောကြားသည်။

ဆေးဝါးတင်ပို့ခွင့် ပြုပြင်ပြောင်းလဲမှုကြောင့် ဖွံ့ဖြိုးဆဲ ပြည်တွင်းဈေးကွက်ကိုလည်း ကျယ်ပြန့်လာစေသည်ဟု ဖက်ဒရယ် ကျန်းမာရေးဝန်ကြီး ဂရက်ဟန့်က ပြောကြားသည်။

ဆေးခြောက်အခြေခံ ဆေးဝါးတင်ပို့ခွင့် ဥပဒေသစ် ထုတ်ပြန်လိုက်သော်လည်း ဩစတြေးလျတွင် ဆေးကုသမှုနှင့်မသက်ဆိုင်ဘဲ အပျော်အပါးအတွက် ဆေးခြောက်သုံးစွဲခြင်းကိုမူ ပိတ်ပင်ထားဆဲ ဖြစ်သည်။                             

F-04




FOLLOW US