News

POST TAGGED AS

ဆေးရုံ

ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့ရှိ လွယ်ဂျယ်ပြည်သူ့ဆေးရုံ ကုသရေးဦးစီးဌာန (ကျန်းမာရေး) ၏ ဝန်ထမ်းအိမ်ယာကို သုံးလအတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ဇန်နဝါရီလ ၇ ရက်က ဆောက်လုပ်ခွင့်ရ ကုမ္ပဏီ SUT FAMILY GROUP CO.,LTD. ထံမှ သိရသည်။
15-Dec-2017 tagged as ဆေးရုံ မန္တလေး
မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသမှ ပြည်သူများ အဓိကအားထားနေရသော မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ သွေးလှူဒါန်းမှု နှစ်စဉ်တိုးတက်သော်လည်း သွေးလိုအပ်ချက် မြင့်မားလာမှုကြောင့် သွေးသွင်းကုသရမည့် လူနာများကို ရာနှုန်းပြည့် ထောက်ပံ့ပေးနိုင်ခြင်း မရှိသေးကြောင်း အမျိုးသားသွေးလှူဘဏ် (ဆေးရုံကြီး)ထံမှ သိရသည်။
22-Sep-2017 tagged as ဆရာဝန် ဆေးရုံ
နေပြည်တော်တော် ကုတင်တစ်ထောင် ပြည်သူ့ဆေးရုံကို လုံခြုံရေးစီမံမှုများ တင်းကြပ်၍ လုံခြုံရေး ဝန်ထမ်းဦးရေ တိုးမြှင့်ပြောင်းလဲမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
06-Aug-2017 tagged as ဆေးရုံ H1N1
ဟားခါးမြို့ ပြည်သူ့ဆေးရုံတွင် ရာသီတုပ်ကွေး H1N1 ဖြင့် ဆေးကုသမှု ခံယူနေသူနှစ်ဦး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာကြောင်း ယင်းဆေးရုံအုပ်ကြီး ဒေါက်တာတင်လှက ပြောကြားသည်။
31-Jul-2017 tagged as ဆေးရုံ
ပဲခူးတိုင်းဒေသကြီးမှ လူနာရှင် ညီအစ်ကိုနှစ်ဦး၏ ထိုးကြိတ်မှု ခံရသော ဖြူး မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ကျ လက်ထောက်ဆရာဝန်ကို လုံခြုံရေး အခြေအနေအရ ရန်ကုန်သို့ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်စေခဲ့ကြောင်း ဖြူးဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
31-Jul-2017 tagged as ဆေးရုံ မန္တလေး
မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် H1N1 သံသယလူနာ ၂ ဦးကို ဇူလိုင်လ ၃၀ ရက် ညနေပိုင်းက စတင်တွေ့ရှိခဲ့သဖြင့် စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ယင်းဆေးရုံကြီးထံမှ သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူနှင့် ဖြူးမြို့နယ်တို့တွင် ဇူလိုင်လ ၂၈ ရက်က ရာသီတုပ်ကွေး (H1N1) ရောဂါဖြင့် တက်ရောက်ကုသနေသော လူနာများ ရောက်နေသည်ဟု ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း တောင်ငူခရိုင် ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
28-Jul-2017 tagged as ဆေးရုံ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့မှ သွေးရောဂါဖြင့် ရန်ကင်းကလေးဆေးရုံကြီးတွင် လာရောက်ဆေးကုသစဉ် သေဆုံးကာ အလာင်းပျောက်သွားသည် ဆိုသော အသက်လေးလအရွယ် ကလေးငယ် အမှုမှာ ပိုင်ရှင်မဲ့အလောင်းများနှင့် မှားယွင်းမီးသဂြိင်္ုလ်မိခြင်းကြောင့် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ရန်ကင်းကလေးဆေရုံကြီးတွင် Green Environment နည်းပညာသုံး HP Latex Ink ဖြင့် ရိုက်နှိပ်ထားသည့် Wallpaper နှင့် Sticker များအား Xenon Company Limited မှ ပထမဆုံး အလှဆင် လှူဒါန်းသည့် အခမ်းအနားကို ယနေ့ (ဇူလိုင် ၂၁ ရက်) နံနက် ၁၀ နာရီတွင် ယင်းဆေးရုံကြီး၌ ပြုလုပ်ခဲ့သည်။
23-Jun-2017 tagged as ဆေးရုံ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခုတင် ၅၀၀ ဆံ့ ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် တက်ရောက်ကုသရသူ ၅၁ ဦး ရှိကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်မေသွင်က ပြောကြားသည်။