News

POST TAGGED AS

ဆေးရုံ

ဆေးကုသမှုခံယူနေစဉ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြရမည့် ကျောင်းသားများအတွက် မန္တလေးဆေးရုံကြီး၌ ကျောင်းသား ၁၅ ဦးစာ ပြင်ဆင်ပေးထားမည်ဖြစ်ကြောင်း ယင်းဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးဌာနထံမှ သိရသည်။
ဧရာဝတီတိုင်း ပုသိမ်မြို့နယ် အထွေထွေရောဂါကု ဆေးရုံကြီးဝန်းရှိ တိုးချဲ့ ၉ ထပ်ဆေးရုံ ဆက်လက် တည်ဆောက်နိုင်ရေးအတွက် စိစစ်ရေးကော်မတီဖြင့် စစ်ဆေးကာ ပြည်ထောင်စုအစိုးရထံ ဆက်လက်တင်ပြမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
မြောက်ဦး ပဋိပက္ခတွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ကျည်ဆန်ထိမှန် ဒဏ်ရာရရှိပြီး စစ်တွေဆေးရုံ၏ လူနာအချုပ်ဆောင်တွင် ကုသခံယူနေသည့် လူနာ ၈ ဦးကို ယနေ့ (ဖေဖော်ဝါရီ ၂ ရက်) မွန်းလွဲ ၃ နာရီခန့်က အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း လူနာရှင်မိသားစုဝင်းများထံမှ သိရသည်။
စိတ်ကျန်းမာရေးဆေးရုံ (ရွာသာကြီး) နာတာရှည် စိတ်ရောဂါဝေဒနာရှင်များ ၂၀၁၇ ခုနှစ်အတွင်း နှစ်ဆခန့် မြင့်တက်ခဲ့ကြောင်း အဆိုပါဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ သင်းသင်းအေးက ပြောကြားသည်။
လူမှုဖူလုံရေးအကျုံးဝင် အာမခံ အလုပ်သမားများအတွက် အလုပ်သမားဆေးရုံနှင့် ဆေးခန်းများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ မြှင့်တင်ပေးရန်စီစဉ်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ထံမှ သိရသည်။
တောင်ကိုရီးယားနိုင်ငံ မီရမ်မြို့ရှိ ဆေးရုံတစ်ရုံမီးလောင်မှုတွင် ၃၇ ဦး သေဆုံးကာ ၁၃၀ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၄) ရပ်ကွက်တွင် ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ တည်ဆောက်ပြီးသော်လည်း ဝန်ထမ်းများ မခန့်နိုင်၍ သုံးနှစ်ကြာသည်အထိ မဖွင့်နိုင်သေးကြောင်း ယင်းဆေးရုံအုပ် ဦးမြင့်ခိုင်က ပြောကြားသည်။
အချိန်မီ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ သစ်ရာအိုင်ကျေးရွာတွင် တိုက်နယ်ဆေးရုံ တည်ဆောက်ပေးရန် လိုအပ်ကြောင်း ဒေသခံများက ပြောကြားသည်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့ရှိ လွယ်ဂျယ်ပြည်သူ့ဆေးရုံ ကုသရေးဦးစီးဌာန (ကျန်းမာရေး) ၏ ဝန်ထမ်းအိမ်ယာကို သုံးလအတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ဇန်နဝါရီလ ၇ ရက်က ဆောက်လုပ်ခွင့်ရ ကုမ္ပဏီ SUT FAMILY GROUP CO.,LTD. ထံမှ သိရသည်။
15-Dec-2017 tagged as ဆေးရုံ မန္တလေး
မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသမှ ပြည်သူများ အဓိကအားထားနေရသော မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ သွေးလှူဒါန်းမှု နှစ်စဉ်တိုးတက်သော်လည်း သွေးလိုအပ်ချက် မြင့်မားလာမှုကြောင့် သွေးသွင်းကုသရမည့် လူနာများကို ရာနှုန်းပြည့် ထောက်ပံ့ပေးနိုင်ခြင်း မရှိသေးကြောင်း အမျိုးသားသွေးလှူဘဏ် (ဆေးရုံကြီး)ထံမှ သိရသည်။