News

POST TAGGED AS

ဆေးတက္ကသိုလ်

26-May-2017

ဆေးတက္ကသိုလ်
တတိယမြောက် လိင်အင်္ဂါ အစားထိုးသူ အဖြူကို အနက်ပြောင်းပေးရန် တောင်းဆို
ကိတ်တောင်း၊ မေ၂၅

ကမ္ဘာ့တတိယမြောက် အမျိုးသားအင်္ဂါ အစားထိုးခြင်းကို လူမည်းအမျိုးသားတစ်ဦးအား အောင်မြင်စွာ ခွဲစိတ်ပြီး တပ်ဆင်ပေးနိုင်ခဲ့သော်လည်း အစားထိုးရမည့် အင်္ဂါမှာ လူဖြူထံက ဖြစ်နေသောကြောင့် အနက်ရောင်အဖြစ် တက်တူးထိုးပြီး ပြောင်းလဲပေးရန် တောင်းဆိုချက်ကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း Daily Mail သတင်းတွင် ဖော်ပြထားသည်။ 

အသက် ၄၀ အရွယ် အာဖရိကတိုက်သား၏ အစားထိုးအင်္ဂါကို ယခုနှစ်ကုန်ပိုင်းတွင် အနက်ရောင်အဖြစ် ပြောင်းလဲပေးမှုအား တက်တူးပညာရှင်များနှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ဆေးပညာ ကိုယ်ကျင့်တရားအရ အမည်ဖော်ပြထားခြင်း မရှိသည့် လူနာကို ဧပြီလ ၂၁ ရက်နေ့ ကတည်းက အစားထိုး တပ်ဆင်ပေးခဲ့ပြီး၊ ဆယ်နာရီအကြာ ခွဲစိတ်တပ်ဆင်ခဲ့ရသည့် ကုသမှုမှာ ယခုအခါ ရာနှုန်းပြည့် အောင်မြင်ပြီဟု ပြောနိုင်ကြောင်း ဆေးရုံက သတင်းထုတ်ပြန်ခဲ့သည်။ 

လိင်အင်္ဂါ အစားထိုးကုသခြင်းကို တောင်အာဖရိကရှိ စတယ်လန်ဘို့ရှ် တက္ကသိုလ်၊ ဆီးလမ်းကြောင်းဆိုင်ရာ ဌာနတွင် ပါမောက္ခ အန်ဒရေ ဗန် ဒါမာဝီးက ဦးဆောင်၍ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး အရောင်အသွေး ကွာခြားချက် ပြဿနာတစ်ခုသာ ဖြေရှင်းရန်သာ ရှိတော့ကြောင်း တာဝန်ရှိသူများက ဆိုသည်။

ဆရာဝန်ကြီး အန်ဒရေက “လူနာက လူမည်းဖြစ်နေပြီး သူ့ကို လိင်အင်္ဂါလှူတဲ့သူက လူဖြူဖြစ်နေတယ်။ ကျွန်တော်တို့မှာလည်း လှူဒါန်းသူက ရှားရှားပါးပါးဆိုတော့ ရွေးချယ်ခွင့်မ ရှိတော့ဘူး။ သူတို့နှစ်ဦးက ယခင်ကတည်းက သိကြပါတယ်။ ဒါပေမဲ့ အဓိကက အဓိကပဲ။ ရေရှည်မှာ ပြဿနာ မရှိနိုင်ပါဘူး” ဟု ပြောကြားသည်။

လူနာသည် ယခင်က စိတ်ဓာတ်များ ကျဆင်းနေပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေရန်အထိ ကြိုးစားခဲ့ဖူးကြောင်း၊ ယခုအခါ အလွန်ပျော်ရွှင်သော လူတစ်ယောက်ဖြစ်နေပြီး၊ ဆေးပညာအရ ခွဲစိတ်ကုသမှုကလည်း အစားထိုးခြင်းကို လက်ခံကာ စိတ်ချရသည့် အနေအထားတွင် ရှိနေသည်ဟု ယင်းကဆိုသည်။

လာမည့် ဒီဇင်ဘာလအတွင်း မက်ဆာချူးဆက်မှ ဆေးပညာ တက်တူးပညာရှင် ရို့စ်မာရီ အန်လော်ရာနှင့် အရောင်ပြောင်းခြင်းကို ဆောင်ရွက်မည်ဖြစ်ပြီး လိင်အင်္ဂါတစ်ခုလုံးကို တက်တူးဖြင့် အရောင်ပြောင်းရန် အချိန်ပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။

ပါမောက္ခ ဗန်ဒါမာဝီးနှင့် အဖွဲ့သည် ပထမဦးဆုံးအကြိမ် လိင်အင်္ဂါ အစားထိုးခြင်းကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့က လည်းကောင်း၊ ဒုတိယအကြိမ် လိင်အင်္ဂါ အစားထိုးခြင်းကို ၂၀၁၆ ခုနှစ် မေလက ဘော့စ်တွန်တွင် လည်းကောင်း အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့သည့် ပညာရှင်အဖွဲ့ ဖြစ်ကြောင်း Mail Online သတင်းတွင် ရေးသားထားသည်။ 



FOLLOW US