News

POST TAGGED AS

ဆော်ဒီအာရေးဗီယား

ဆော်ဒီအာရေဗီးယားနိုင်ငံတွင် အမျိုးသမီးအရေးလှုပ်ရှားသူများကို သစ္စာဖောက်များအဖြစ်စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းကြောင့် ဆော်ဒီအစိုးရ၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို နိုင်ငံတကာ လူ့အခွင့်အရေးအုပ်စုများက မေးခွန်းထုတ်လိုက်ကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
ဆော်ဒီ၏ အိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန်က ဆော်ဒီဘုရင့်နိုင်ငံသည် နျူကလီးယားလက်နက် ပိုင်ဆိုင်လိုခြင်း မရှိသော်လည်း အီရန်က နျူလက်နက် ထုတ်လုပ်ရန် ကြိုးစားလာပါက လိုက်ပါလုပ်ဆောင်မည်ဖြစ်သည်ဟု အမေရိကန် CBS ရုပ်သံသို့ ယခင်အပတ်က ပြောကြားခဲ့ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
အမျိုးသမီးများ၏ အသွားအလာနှင့် အဝတ်အစားကို တင်းကျပ်ထားသည့် ဆော်ဒီအာရေးဗီးယား၏ ရှေးဆန်သော ဘာသာရေးစည်းမျဉ်းများသည် အပြုသဘောဆောင်သော ဖြေလျှော့မှုလက္ခဏာများ ပြသလာပြီဖြစ်ပြီး အမျိုးသမီးများ ခြုံလွှာနှင့်ပဝါ ဝတ်၊ မဝတ်ကို အမျိုးသမီးများကိုယ်တိုင် ဆုံးဖြတ်နိုင်ပြီဟု အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆာလ်မန်က တနင်္ဂနွေနေ့ည CBS အင်တာဗျူးတွင် ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ် တောင်ပိုင်းဒေသတွင် စတုရန်းကီလိုမီတာ ၁၀၀၀ ကျယ်ဝန်းသည့် မီဂါစီးတီးတစ်ခု ထူထောင်နိုင်ရေး အီဂျစ်နှင့် ဆော်ဒီအာရေးဗီးယား နှစ်နိုင်ငံပေါင်း၍ ဒေါ်လာ ၁၀ ဘီလီယံတန် ရန်ပုံငွေတစ်ခု ထူထောင်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
လူဦးရေထက်ဝက်ကျော်မှာ အသက် ၂၅ နှစ်အောက် အရွယ်များဖြစ်ကြသော ဆော်ဒီအာရေးဗီယားနိုင်ငံတွင် ဘုရင်ဆော်လ်မွန်က လူငယ်များကိုနေရာပေးလိုသည်ဟု နိုင်ငံပိုင်ရုပ်သံက ကြေညာလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။