News

POST TAGGED AS

ဆော်ဒီအာရေဗျ

ဆော်ဒီအာရေဗျနိုင်ငံအနေနှင့် မြန်မာနိုင်ငံမှ ငါးတင်ပို့မှုကို ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ရပ်ဆိုင်းရန် ကြေညာချက် ထုတ်ပြန်ထားခြင်းကို ပြန်လည်ရုပ်သိမ်းပေးရန်အတွက် ဆော်ဒီအာရေဗျနိုင်ငံ၊ ပတ်ဝန်းကျင်၊ ရေနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနထံ မတ်လတတိယပတ်အတွင်းက တရားဝင်စာပို့ အကြောင်းကြားထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
ဆော်ဒီအာရေဗျက ယီမင်နိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်နေခြင်းများကြောင့် ဝေဖန်မှုများ ရှိနေသည့်တိုင် ဗြိတိန်ထံမှ Eurofighter Typhoon တိုက်လေယာဉ် ၄၈ စင်း ဝယ်ယူရန် စတာလင်ပေါင် ဘီလီယံနှင့်ချီကာ တန်ဖိုးရှိသည့် စာချုပ်တစ်ရပ်ကို မတ်လ ၉ ရက်နေ့က ချုပ်ဆိုနိုင်ခဲ့ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
ဆော်ဒီအာရေဗျနိုင်ငံတွင် ကြီးမားသော ပြုပြင်ပြောင်းလဲမှုတစ်ရပ်အဖြစ် အမျိုးသမီးများကို မော်တော်ယာဉ်မောင်းနှင်ခွင့်ပြုလိုက်ပြီးနောက် ယခုအခါ ကမ္ဘာ့မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီကြီးများက ဆော်ဒီအမျိုးသမီးများကို ဆွဲဆောင်နိုင်ရန် စတင်ကြိုးပမ်းလျက်ရှိကြောင်း Financial Times သတင်းစာက ရေးသားဖော်ပြသည်။
မြန်မာနိုင်ငံမှ ငါးတင်သွင်းမှုကို ဆော်ဒီအာရေဗျနိုင်ငံ အစားအသောက်နှင့်ဆေးဝါးဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း (SFDA) က ယာယီရပ်ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။
ဆော်ဒီအမျိုးသမီးများ လူမြင်ကွင်းတွင် သွားလာပါက အဘေယာ ကိုယ်လုံးပြည့် ခြုံထည်ကြီးများ မဖြစ်မနေဝတ်ခိုင်းခြင်းမှာ မသင့်လျော်တော့ကြောင်း ဆော်ဒီထိပ်တန်း ဘာသာရေး ခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။