News

POST TAGGED AS

ဈေး

ရန်ကုန်မြို့ရှိဈေး ၁၇၆ခုကို ငါးနှစ်အတွင်း အဆင့်မြှင့်မည်
ရန်ကုန်ဒီဇင်ဘာ၉

ရန်ကုန်မြို့တွင်းရှိ ဈေးပေါင်း၁၇၆ခုကို အစိုးရသက်တမ်းငါးနှစ်အတွင်း အဆင့်မြှင့်တင်မှုများ အပြီးသတ် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်တီဝင်ဒေါ်လှိုင်မော်ဦးက ဒီဇင်ဘာလ၈ရက်နေ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ပြုလုပ်သည့် သက်ဝင်လှုပ်ရှား ရန်ကုန်မြို့၏ လမ်းမများပွဲတော်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဈေးတွေကို အဆင့်မြင့်ဖို့ လုပ်နေတယ်။ hawker center တွေ ပါဝင်မယ် အဲဒီစင်တာတွေမှာလမ်းဘေးမှာ ရောင်းနေသူတွေ တရားဝင် ရောင်းနိုင်ဖို့ကို စီစဉ်နေပါတယ်။အခုလုပ်နေပြီ၊အချိန်တော့ယူရမယ်။မကြာခင် မင်္ဂလာဈေးနေရာကိုလည်း ပြန်ပြီး အဆင့်မြှင့်တင်မယ်’’ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်တီဝင် ဒေါ်လှိုင်မော်ဦးက ပြောသည်။

ဈေး၁၇၆ခုကို အဆင့်မြှင့်တင်ရေးအတွက် တိုင်းဒေသကြီးအစိုးရ၊မြို့တော်စည်ပင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ ရပ်မိရပ်ဖများက ဈေးသည်များ၏ အနေအထားကို ကွင်းဆင်းလေ့လာပြီး စတင်ဆောင်ရွက်နေသည်ဟု၎င်းကဆိုသည်။

စည်းကမ်းလိုက်နာမှုမရှိသော လမ်းဘေးဈေးသည်များကို စည်ပင်ဥပဒေအရ ထိထိရောက်ရောက် အရေးယူမည်ဖြစ်ပြီး တဖက်တွင် ဥပဒေအရ တရားဝင် ရောင်းချခွင့်ရအောင်လည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဒီဇင်ဘာလ၈ရက်နေ့က ရန်ကုန်မြို့တော်စည်ပင်တွင် ပြုလုပ်သည့် သက်ဝင်လှုပ်ရှား ရန်ကုန်မြို့၏လမ်းမများ ပွဲတော်နှင့် ပတ်သတ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

‘’ဈေး၁၇၆ခုလုံးကို ဒီသက်တမ်းအတွင်းအပြီး အဆင့်မြှင့်တင် ဆောင်ရွက်မယ်။လမ်းဘေးဈေးသည်တွေ အဆင့်ကနောက်ပိုင်းမှာ hawker center တွေမှာ ၀င်ရောင်းနိုင်တဲ့အထိ လုပ်ပေးဖို့ရှိတယ်။တစ်ခါဆောင်ရွက်ရင် ဈေးပေါင်း၂၀လောက် လျာထားပါတယ် ကွင်းဆင်းလေ့လာမှုတွေ လုပ်နေတာရှိတယ်’’ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။





FOLLOW US