News

POST TAGGED AS

ဈေး

18-Aug-2017

ဈေး
သက်တမ်းနှစ် ၂၀ ကျော်ရှိ သီရိမင်္ဂလာဈေးဟောင်းကို အန္တရာယ်ရှိ အဆောက်အအုံသတ်မှတ်
ရန်ကုန်၊ သြဂုတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်တွင် ရှိသော သက်တမ်းနှစ် ၂၀ ကျော်ရှိ သီရိမင်္ဂလာဈေးဟောင်းကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ကာ ယင်းနေရာတွင် ဖွင့်လှစ်ထားသည့် သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းကို သြဂုတ်လ ၁၇ ရက်က စတင်ပိတ်သိမ်းလိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

“သီရိမင်္ဂလာယာဉ် ရောင်းဝယ်ရေးစခန်းက ယာ/အုံပိုင် အဆောက်အအုံ ဖြစ်တဲ့အတွက် ဒီအဆောက်အအုံကို အန္တရာယ် ရှိတယ်လို့ ကြေညာတဲ့အတွက် သြဂုတ်လ ၁၇ ရက်မှာ ဌာနအနေနဲ့ ပိတ်သိမ်းတယ်။ ယာဉ်တွေ ဘယ်နေ့ နောက်ဆုံးရွှေ့ပြောင်းရမလဲ ဆိုတာတော့ အထက်က တာဝန်ရှိသူတွေ ညွှန်ကြားချက်ကို စောင့်ရပါမယ်။ အန္တရာယ်ရှိတဲ့အတွက် မြန်မြန်ဖယ်ရင်တော့ ပိုကောင်းပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ပြောင်းရွှေ့ရသည့် လုပ်ငန်းရှင်များ အနေနှင့် ယာဉ်ရပ်နားရန် အခက်အခဲရှိပါက လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းတွင် လည်းကောင်း၊ သံသုမာ ယာဉ်ရောင်းဝယ်ရေးစခန်းတွင်လည်း ကောင်း၊ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်း၊ အမှတ် ၃ လမ်းကြားရှိ ယာဉ်ရပ်နားကွင်း ၃ တွင် လည်းကောင်း နေရာလစ်လပ်မှုပေါ် မူတည်ပြီး ရပ်နားနိုင်ကြောင်း အခွန်ဌာနက ထုတ်ပြန်ကြေညာထားသည်။

ရန်ကုန်တိုင်းတွင် သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်း၊ လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းနှင့် သံသုမာ ယာဉ် ရောင်းဝယ်ရေး စခန်းသုံးခုသာ ရှိပြီး လက်ရှိ သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်း၌  ယာဉ်စီးရေ ၇၀၀ ကျော် ရပ်နားလျက်ရှိသည်။

ယခင်က မော်တင်ကလီ ဈေးဟောင်းကို ပြောင်းရွှေ့၍ သီရိမင်္ဂလာဈေးကို ၁၉၉၇ ခုနှစ်က ငါးထပ်အဆောက်အအုံ ဈေးအဖြစ် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ဖွင့်လှစ်ခဲ့ပြီး ယင်းဈေးသည် မြန်မာတစ်နိုင်ငံလုံးကို လက်ကားဖြန့်ရောင်းချနေသော ကုန်စိမ်းဈေးကြီး ဖြစ်ခဲ့ကာ ရန်ကုန်စည်ပင်က (က) အဆင့် သတ်မှတ်ထားသည့်ဈေး ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စာရင်းများအရ သိရသည်။

၂၀၁၀ ခုနှစ်မှ စတင်ကာ သီရိမင်္ဂလာဈေး တစ်ခုလုံးကို လှိုင်မြို့နယ် ပိတောက်ချောင်းအနီး ဘုရင့်နောင်လမ်းပေါ်ရှိ  ယခင်ရတနာဖွဲနု ဆီစက်ဝင်းအတွင်း ပြောင်းရွှေ့ခဲ့ပြီး ယင်းနှစ်တွင်ပင် သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းကို ဈေးဟောင်းတွင်ပင် ဖွင့်လှစ်ခဲ့သည်။

J-10



FOLLOW US