News

POST TAGGED AS

ဈေးချိုတော်

ဒိုင်းမွန်းပလောဇာက လမ်းလျှောက်သင်္ကြန်ပွဲ ကျင်းပမည်
မန္တလေး၊ မတ် ၁၂

သင်္ကြန်ကာလမတိုင်မီ ချမ်းအေးသာစံမြို့နယ်ရှိ ဒိုင်းမွန်းပလာဇာ၏ ပြင်ပဧရိယာလျှောက်လမ်းတွင် လမ်းလျှောက်သင်္ကြန် ကျင်းပရန်ရှိနေသည်။

အဆိုပါလမ်းလျှောက်သင်္ကြန်ကို ဧပြီလ ၆၊ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် ကျင်းပမည်ဖြစ်ပြီး ဝတ်စားဆင်ယင်မှုပြပွဲ၊ တေးသံရှင်များ၏ သီဆိုဖျော်ဖြေတင်ဆက်မှုများ ပါဝင်မည်ဖြစ်ကြောင်း အဆိုပါပလာဇာ လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်တင်ဇာကျော်က ပြောကြားသည်။

ဒိုင်းမွန်းပလာဇာ၏ ပုံရိပ်ကောင်းမွန်စေရန်နှင့် ပလာဇာရှိဆိုင်ခန်းများ ရောင်းအားတိုးတက်လာစေရန် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

လမ်းလျှောက်သင်္ကြန်ပွဲကို ပလာဇာ၏ ပြင်ပဧရိယာဖြစ်သည့် ၃၃ လမ်း၊ ၇၇ နှင့် ၇၈ လမ်းကြားတွင် ကျင်းပမည်ဖြစ်ပြီး သပြေခက်ဖြင့် ရေပက်ကစားရန် စီစဉ်ပေးထားမည်ဖြစ်ကြောင်း၊ နေ့ပိုင်းတွင် သင်္ကြန်နှင့်ပတ်သက်သည့် ဖက်ရှင်နှင့် အလှအပပစ္စည်းများရောင်းချမည့် ဆိုင်ခန်း ၃၀ ကျော် ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း၊ ညပိုင်းတွင် ဒီဇိုင်နာ မျိုးမင်းစိုး၏ ခေတ်အဆက်ဆက်မြန်မာ့ရိုးရာသင်္ကြန် ဝတ်စားဆင်ယင်မှုသရုပ်ပြပွဲ၊ ဒီဇိုင်နာ မြစန္ဒာမောင်၊ Hiro နှင့် ပြည့်ဖြိုးမင်းတို့၏ ခေတ်ပေါ်သင်္ကြန်ဖက်ရှင်များနှင့် တေးသံရှင်ခိုင်မြဲသစ္စာအပါအဝင် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများ၊ ယိမ်းအဖွဲ့များအပြင် အခြားသောအနုပညာလှုပ်ရှားမှု များပါဝင်မည်ဖြစ်ကြောင်း Talents in Mandalay Agency မှ ဒါရိုက်တာ ဦးရဲမြတ်သူက ပြောကြားသည်။

ဒိုင်းမွန်းပလာဇာသင်္ကြန်ပွဲတော်ကို ယခင်နှစ်ကစတင်ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်တွင်လမ်းလျှောက်သင်္ကြန်ကိုပါ ထည့်သွင်းကျင်းပခြင်းဖြစ်သည်။

M-07



FOLLOW US