News

POST TAGGED AS

ဈေးကွက်

ထားဝယ်မြို့ ကမ်းနားလမ်းကို အဆင့်မြှင့်မည့်စီမံကိန်း စတင်ပြီးနောက် အဆိုပါလမ်းရှိ အိမ်၊ ခြံနှင့် မြေကွက်များကို ဝယ်လိုသူများကာ စိတ်ဝင်စားမှုမြင့်တက်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း အတွင်းရေးမှူးက ပြောသည်။
ဧရာဝတီတိုင်း ပုသိမ်မြို့ ပဲမျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် ဇန်နဝါရီ လ ၂၃ ရက်က စားတော်ပဲဈေး ၁၀ တင်းလျှင် ကျပ်ကိုးသိန်းခြောက်သောင်းအထိ စံချိန်တင်မြင့်တက်နေကြောင်း ပဲမျိုးစုံ ရောင်းဝယ်သူများထံမှ သိရသည်။
စတင်ထွက်ရှိနေပြီဖြစ်သော ပဲစင်းငုံအသစ်များသည် ရန်ကုန်ဘုရင့်နောင် ပဲဈေးကွက်သို့ စတင်ဝင်ရောက် ရောင်းချနေပြီဖြစ်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။
ယခုရက်ပိုင်းအတွင်း စပါးဈေးထက် ဆန်ဈေးနိမ့်နေသဖြင့် တောင်ငူ၊ နေပြည်တော်တစ်ဝိုက်ရှိ ဆန်စက်များအနေနှင့် စပါးကို ဈေးကွက်သို့တင်ပို့ရန် ဝယ်ယူကြိတ်ခွဲခြင်းထက် ပြင်ပဆန်စပါး ကြိတ်ခွဲခြင်း (နဝလီ) ကို အားကိုးနေရကြောင်း ဒေသတွင်း ဆန်စက်ပိုင်ရှင်များထံမှ သိရသည်။
ကြက်သွန်နီ (အဟောင်း) ဈေးနှုန်းများသည် လက်လီဈေးကွက်အတွင်း တစ်ပိဿာလျှင် ကျပ် ၅၅၀၀ ခန့်အထိ စံချိန်တင်ဈေးသို့ ရောက်ရှိကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။
ပြည်ပသို့ ကျွဲ၊ နွားအရှင် စတင်၍ တရားဝင်တင်ပို့ခွင့်ပြုခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာလမှစကာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ လက်ရှိအချိန်အထိ တရုတ်နိုင်ငံသို့ အကောင်ရေ ၁၀၀၀ ကျော် တင်ပို့ထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။
စင်ကာပူနှင့် ဟောင်ကောင်တို့က ပြည်တွင်းရွှေဈေးကွက်အတွင်းသို့ ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းမှုများရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။
ကျပ်သိန်းပေါင်း သောင်းနှင့်ချီ၍ ဆန်လိမ်လည်မှုဂယက်တစ်ခု ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဈေးကွက်အတွင်း ဆန်အရောင်းအဝယ် အေးစက်ပြီး ဆန်ဈေးနှုန်းများ ကျဆင်းကြောင်း ဘုရင့်နောင်ဆန်ဈေးကွက်အတွင်းမှ သိရသည်။
မွန်ပြည်နယ်တွင် တရုတ်ကဝင်လာသည့် ကြက်သွန်နီ လူသုံးပိုများလာပြီး ရောင်းအားကောင်းနေသည်ဟု မော်လမြိုင်ဈေးကြိုပွဲရုံတန်းရှိ ကြက်သွန်နီပွဲရုံ လုပ်ငန်းရှင်များထံမှ သိရသည်။
အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ခြင်းကြောင့် ပေါက်မြို့နယ်အတွင်းရှိ ယောချောင်းဒေသဝန်းကျင်မှ ကြက်သွန်စိုက်ခင်း ဧက ထောင်နှင့်ချီကာ ချောင်းရေဖုံးလွှမ်းခဲ့သည့်အတွက် ပျက်စီးခဲ့ရကြောင်း ကြက်သွန်စိုက် တောင်သူများထံမှ စုံစမ်းသိရှိရသည်။