News

POST TAGGED AS

ဈေးကွက်

နယ်ဒေသများ၌ ကြက်သွန်သစ် ဈေးနှုန်းများ ကျဆင်းခြင်းကြောင့် ရန်ကုန်ကြက်သွန် လက်ကားဈေးကွက်တွင်လည်း ဈေးနှုန်းများကျဆင်းကြောင်း ဘုရင့်နောင် ကြက်သွန်ဈေးကွက်အတွင်းမှ သိရသည်။
ရန်ကုန်ဆန်ဈေးကွက်အတွင်းသို့ နယ်ဒေသများမှ ဆန်အဝင်နည်း၍ ဆန်ချောနှင့် ပြည်ပပို့ ဆန်ကြမ်းအချို့ ဈေးတက်ကြောင်း ဘုရင့်နောင်နှင့် ဝါးတန်း ဆန်ဈေးကွက်များအတွင်းမှ သိရသည်။
ဆက်တိုက်ကျနေသော ပဲဈေးနှုန်းများသည် တစ်လအတွင်း မတ်ပဲတစ်တန်လျှင် ကျပ်ရှစ်သောင်းကျော်အထိ ကျဆင်းကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ သိရသည်။
လာမည့်ဧပြီလမှစတင်ကာ ကနဦးပေးသွင်းရမည့်အခွန် ၁၅ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ လျှော့ချမည်ဟူသော သတင်းကြောင့် မိတ္ထီလာကားဈေးကွက်အတွင်း တန်ဖိုးမြင့်ကားများ အရောင်းအဝယ်ရပ်ဆိုင်းလုနီးပါးဖြစ်နေပြီး ကျပ်သိန်းတစ်ရာဝန်းကျင်ရှိ ကားများသာ အရောင်းအဝယ်ဖြစ်တော့ကြောင်း မိတ္ထီလာမြို့ခံ ကားဝယ်ရောင်းသမားများထံမှ သိရှိရသည်။
မိတ္ထီလာခရိုင်အတွင်း ကြက်သွန်ဈေး ရုတ်တရက် ကျဆင်းသွားသောကြောင့် လက်ကားဖြန့်ချိရေးဆိုင်များအနေနှင့် အရောင်းအဝယ် ရပ်ဆိုင်းထားရကြောင်း ဒေသခံကြက်သွန်ပွဲရုံများထံမှ သိရသည်။
တရုတ်နှစ်သစ်ကူး နီးလာသည်နှင့်အမျှ ဖရဲသီးဈေး ဆက်တိုက်ကျဆင်းနေရာ ယင်းကာလ ပြီးဆုံးသည့်အချိန်အထိ ဈေးထပ်ကျနိုင်သေးကြောင်း မူဆယ်ဈေးကွက်အတွင်းရှိ ကုန်သည်များထံမှ သိရသည်။
ယခုအပတ်အတွင်း ရန်ကုန် ဆန်ဈေးကွက်အတွင်းသို့ ဆန်ဝင်ရောက်မှုမှာ ထက်ဝက်ခန့် လျော့ကျနေသည့်အတွက် ဆန်ချောတစ်အိတ် ကျပ် ၁၀၀၀ မှ ၅၀၀၀ အထိ ဈေးတက်ကြောင်း ဘုရင့်နောင်နှင့် ဝါးတန်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။
မိတ္ထီလာ ကုန်စိမ်းဈေးကွက်အတွင်း ဇန်နဝါရီလလယ်ပိုင်းကစ၍ မန်ကျည်းသီးအသစ်များ ဝင်လာပြီဖြစ်သော်လည်း အဟောင်းလက်ကျန်ရှိပြီး အဝယ်မလိုက်သေးသဖြင့် အနိမ့်ဈေးဖြင့်သာ ဈေးဖွင့်ခဲ့ကြောင်း မိတ္ထီလာမြို့ခံ မန်ကျည်းပွဲရုံများထံမှ သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလဆန်းတွင် ဖြစ်ပေါ်သော ဆားဈေးမှာ ယခင် ၂၀၁၇ ခုနှစ်ထက် သုံးဆခန့် မြင့်တက်လာကြောင်း ဧရာဝတီတိုင်း ဆားရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
နှမ်းရိတ်သိမ်းချိန်တွင် အချိန်အခါမဟုတ် မိုးရွာခဲ့ခြင်းကြောင့် သီးနှံအရည်အသွေးထိခိုက်မှုရှိခဲ့ရာ နှမ်းဈေးနှုန်းမှာလည်း ကျဆင်းလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။