News

POST TAGGED AS

ဈေးကွက်

06-Jun-2018 tagged as ဈေးကွက် ပဲ
မတ်ပဲနှင့် ပဲစင်းငုံတို့ကို အိန္ဒိယနိုင်ငံက ဝယ်ယူမှုအားကောင်းလာခြင်းကြောင့် ယင်းပဲများတစ်တန်လျှင် အနည်းဆုံး ကျပ်တစ်သိန်းခွဲကျော်အထိ ဈေးတက်ကြောင်း ပဲဈေးကွက်အတွင်းမှ သိရသည်။
မန္တလေးကောက်ပဲသီးနှံ ဈေးကွက်တွင် နှမ်း (အသစ်) များ ဝင်နေပြီး ဈေးကောင်းရလျက်ရှိကြောင်း နှမ်းအရောင်းအဝယ် လုပ်ကိုင်သူအချို့က ပြောဆိုသည်။
03-Jun-2018 tagged as ဈေးကွက် ဆန်
ရန်ကုန်ဆန်ဈေးကွက်အတွင်း ပေါ်ဆန်း ဆန်အချို့ ဈေးနှုန်းကျဆင်းပြီး ဆန်ကြမ်း ဈေးမြင့်တက်ကြောင်း ဝါးတန်းနှင့် ဘုရင့်နောင် ဆန်ဈေးကွက်အတွင်းမှ သိရသည်။
ကုန်သွယ်ရေးဦးစီးဌာနက ဈေးကွက်စောင့်ကြည့်ရေးအဖွဲ့ မဖွဲ့နိုင်သေးသောကြောင့် ရွှေတင်ပို့၊ တင်သွင်းခွင့်လိုင်စင် ထုတ်ပေးရန် ကြန့်ကြာမှုများရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
တရုတ်ကုန်သည်များက သကြားကြမ်းကို ကြေညက်အောင် ထပ်မံအမှုန့်ကြိတ်၍ ဝယ်ယူလာသောကြောင့် ပြည်တွင်းသကြားဈေးမှာ ယခင်ကထက် အနည်းငယ်ပြန်တက်လာကြောင်း မူဆယ်ရှိ သကြားကုန်သည်များထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ပုရစ်တစ်တင်းလျှင် ကျပ်ငါးသောင်းနီးပါးအထိ ပေးဝယ်မှုများရှိနေသည့်အတွက် ဖမ်းဆီးရောင်းချသူများကြောင်း ကလေးမြို့နယ်အတွင်းရှိ ပုရစ်ဖမ်းရောင်းချသူများက ပြောကြားသည်။
မြန်မာ့သရက်သီးကို ကမ္ဘာ့နိုင်ငံအနှံ့အပြားသို့ တင်ပို့ရောင်းချရန်အခက် အခဲများရှိနေကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားသည်။
ဈေးကျဆင်းနေခဲ့သည့် အသားတိုး မွေးမြူရေးကြက်အရှင် ဈေးကွက်မှာ မေလ ၁၇ ရက်နေ့၌ ဈေးပြန်လည်မြင့်တက်ခဲ့ကြောင်း ဟင်္သာတခရိုင်အတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။
တရုတ်နိုင်ငံဘက်တွင် သရက်သီးအထွက်များသောကြောင့် မူဆယ်နယ်စပ်ဈေးကွက်တွင် ပြည်တွင်းသရက်သီးဈေးနှုန်းမှာ ယခင်နှစ်ကအောက် ဈေးကျသွားကြောင်း မူဆယ်သစ်သီးကုန်သည်များထံမှ သိရသည်။
ပြည်တွင်းကွမ်းသီးဈေးကွက်အတွင်း အင်ဒိုနီးရှားနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သည့် ကွမ်းသီးများကို တွေ့ရှိလာရသဖြင့် ပြည်ပမှတင်သွင်းလာသော တရားမဝင်ကွမ်းသီးများကို စိစစ်ကြပ်မတ်အရေးယူပေးရန် အစိုးရထံတင်ပြထားကြောင်း ကလေး-တမူး နယ်စပ်ကုန်သည်များအသင်းထံမှ သိရသည်။