News

POST TAGGED AS

ဈေးကွက်

ရခိုင်ပြည်နယ်ရှိ စပါးများကို မန္တလေး၊ ရန်ကုန်သို့တင်ပို့မှုများ၍ ပြည်နယ်တွင် စပါးပြတ်ကာ ဆန်တစ်အိတ်လျှင် ကျပ်တစ်သောင်းနီးပါး မြင့်တက်နေကြောင်း ဆန်လုပ်ငန်းရှင်များထံမှ သိရသည်။
မိုးသည်းထန်စွာရွာသွန်းခဲ့၍ မိတ္ထီလာခရိုင်မှထွက်သော ပဲတီစိမ်းခင်းများ အရည်အသွေးလျော့လာကာ တစ်တင်းလျှင် ကျပ်ငါးထောင်ဝန်းကျင် ဈေးကျသွားကြောင်း မိတ္ထီလာဒေသခံ ပဲစိုက်တောင်သူများထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ယင်းမာပင်ခရိုင်နှင့် မုံရွာခရိုင်အတွင်း နွားများအဝယ်လိုက်သဖြင့် လယ်ယာသုံးနွားများ ဈေးတက်နေကြောင်း တောင်သူများထံမှ စုံစမ်းသိရှိရသည်။
26-Jul-2018 tagged as ဈေးကွက် ဝဥ
အစားအစာနှင့် မုန့်များထုတ်လုပ်ရာတွင် ထည့်သွင်းအသုံးပြုသည့် ဝဥ (ခေါ်) ဖျံဥများကို နှစ်စဉ်ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ပတင်ပို့မှုသည် ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
ရက်ပေါင်း ၇၅ ရက် မွေးမြူပြီးနောက် ကြက်အရှင် ပိဿာချိန် ၆၅ ကျပ်သားအရွယ်ခန့်တွင် ရောင်းချရသည့် မွေးမြူရေးကြက် (Semi) အမျိုးအစားမှာ ယခုလတတိယပတ်အတွင်း ဈေးပြန်လည်ကျဆင်းခဲ့ကြောင်း ဒေသခံမွေးမြူရေး လုပ်ငန်းရှင်များက ပြောကြားသည်။
မိတ္ထီလာဒေသထွက် ကုလားပဲကို ရန်ကုန်ဝယ်လက်များ အဝယ်လိုက်လာသဖြင့် ယခုသီတင်းတစ်ပတ်အတွင်း သုံးတင်းဝင်တစ်အိတ်လျှင် ကျပ်ငါးထောင်ဝန်းကျင် ဈေးပြန်တက်လာကြောင်း ဒေသခံပွဲရုံများနှင့် ပဲကြိတ်ခွဲစက် လုပ်ငန်းရှင်များက ပြောဆိုသည်။
မိတ္ထီလာမြို့နယ် အောင်ဆန်းမြို့သစ်ရပ်၌ ငါးရက်တစ်ကြိမ်ပြုလုပ်သော နွားပွဲဈေးသို့ ဆိတ်အဝင်များသော်လည်း ဈေးတက်နေကြောင်း မွေးမြူရေးသမားများ၊ အသားလုပ်ငန်း လုပ်ကိုင်သူများနှင့် ဒေသခံတောင်သူများထံမှ စုံစမ်းသိရှိရသည်။
17-Jul-2018 tagged as ဈေးကွက် ငါး
မြန်မာနိုင်ငံက ပြည်ပဈေးကွက်များသို့ အဓိကတင်ပို့နေသည့် မွေးမြူရေးငါး ငါးမြစ်ချင်းဈေးနှုန်းများ ကျဆင်းလျက်ရှိသောကြောင့် ပြည်ပဈေးကွက်ဝင် ငါးတန် ငါးအမျိုးအစားကို ပြောင်းလဲမွေးမြူရန် ပို့ကုန်လုပ်ငန်းရှင်များက အကြံပြုပြောကြားသည်။
မန္တလေးကုန်စည်ဒိုင်၏ မတ်ပဲဈေးနှုန်းသည် ယမန်နှစ်ကနည်းတူ အနိမ့်ဆုံးဈေးသို့ ပြန်လည်ရောက်ရှိလာကြောင်း ယင်းကုန်စည်ဒိုင်သို့လာရောက်သော ပဲ၊ နှမ်းကုန်သည်များက ပြောကြားသည်။