News

POST TAGGED AS

ဈေးကွက်

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့တွင် ယခုနှစ်သရက်သီး အထွက်နှုန်းများသည့်အတွက် ဈေးကျကြောင်း သရက်သီးဒိုင်များထံမှ သိရသည်။
ဆက်တိုက်ကျဆင်းနေသော မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ကြက်သွန်နီ ဈေးကွက်အတွင်း ကြက်သွန်ဈေးနှုန်းများ ပြန်လည်မြင့်တက်ကြောင်း အဆိုပါမြို့နယ် ကြက်သွန်ဈေးကွက်အတွင်းမှ သိရသည်။
မိတ္ထီလာဒေသထွက် ကြက်သွန်နီအသစ် အဝင်များနေသောကြောင့် ဈေးဆက်ကျနေကြောင်း မိတ္ထီလာကုန်စည်ဒိုင်နှင့် တောင်သူများထံမှ သိရသည်။
မန္တလေး ကုန်စည်ဒိုင်ဈေးကွက်အတွင်းသို့ နှမ်းအသစ်များဝင်ရောက်ချိန်များတွင် ဈေးကျလေ့ရှိသော်လည်း ယခုနှစ်တွင် ဈေးကောင်းရနေသည်ဟု နှမ်းအရောင်းအဝယ် လုပ်ကိုင်သူအချို့ထံမှ သိရသည်။
29-Mar-2018 tagged as ဈေးကွက် ဆန်
နယ်ဒေသ နွေစပါးသစ်များ ထွက်ပေါ်လာပြီဖြစ်သည့်အတွက် ယခုရက်ပိုင်းအတွင်း ဆန်ဈေးများ ဆက်တိုက်ကျဆင်းကြောင်း ဘုရင့်နောင်နှင့် ဝါးတန်းဆန် ဈေးကွက်များအတွင်းမှ သိရသည်။
29-Mar-2018 tagged as ဈေးကွက် ပဲ
မန္တလေးပဲဈေးကွက်အတွင်းသို့ ကုလားပဲအသစ်များ ဝင်ရောက်လာရာ ယခုနှစ်ဈေးနှုန်းသည် ယမန်နှစ်ဈေး အောက်လျော့ကျခဲ့ကြောင်း ပဲအရောင်းအဝယ် လုပ်ကိုင်သူအချို့ထံမှ သိရသည်။
မြန်မာနိုင်ငံဒေသအနှံ့မှ မူဆယ်ဈေးကွက်သို့တင်ပို့သည့် ဖရဲသီးနှင့် သခွားမွှေးသီးဈေးကွက်တွင် ဈေးတစ်ဆခွဲတက်လာပြီး ရောင်းအားကောင်းနေကြောင်း မူဆယ်ကုန်စည်ဈေးကွက်ထံမှ သိရသည်။
နိုင်ငံတကာအဆင့်မီ ရွှေ၊ ကျောက်မျက်နှင့် သတ္တုဗဟိုဈေးကွက်ကို ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ်အတွင်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဟင်းခတ် အမွှေးအကြိုင် ထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ်အသုံးပြုသော နံနံစေ့ကို သာစည်နှင့်ပျော်ဘွယ်မြို့နယ်တို့မှ ဒေသခံတောင်သူများ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်တွင် ဈေးနိမ့်နေသောကြောင့် အခက်ကြုံနေကြောင်း ဒေသခံတောင်သူများထံမှ စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှခရီးသွားဧည့်သည်များ ဝင်ရောက်မှုမြင့်တက်ရန် ခရီးသွားဈေးကွက် စစ်တမ်းကောက်ယူရန် စီစဉ်နေကြောင်း မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ ဦးအုန်းမြင့်က ပြောကြားသည်။