News

POST TAGGED AS

ဂျေရုဆလင်

ဂျေရုဆလင်၌ အမေရိကန်သံရုံးသစ် ဖွင့်လှစ်မှုအတွက် အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့ ဂုဏ်ပြုအခမ်းအနားများကျင်းပပြုလုပ်နေစဉ် ဂါဇာဒေသလုံခြုံရေး ခြံစည်းရိုးတစ်လျှောက် ဆန္ဒပြလျက်ရှိသော ပါလက်စတိုင်းများကို အစ္စရေးတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းရာ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၅၈ ဦး သေဆုံးသွားကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
အစ္စရေးနိုင်ငံ မြို့တော်ဂျေရုဆလင်၌ အမေရိကန်သံရုံး ပြောင်းလဲဖွင့်လှစ်ပွဲ အခမ်းအနားကို အစ္စရေးအစိုးရကဂုဏ်ပြုအခမ်းအနားဖြင့် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ပေးသော်လည်း ယင်းအခမ်းအနားသို့ သံတမန်ကြီးအတော်များများ မတက်ရောက်ဘဲနေခဲ့ကြကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
ဥရောပဂျူးများ သမိုင်းတစ်လျှောက် ဖိနှိပ်သတ်ဖြတ်ခံရခြင်းသည် ၎င်းတို့၏ ဘာသာရေးကြောင့်မဟုတ်ဘဲ ၎င်းတို့၏ ပြုမှုပုံများကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့မိခြင်းအပေါ် ဂျူးများကို ဝန်ချတောင်းပန်လိုသည်ဟု ပါလက်စတိုင်းသမ္မတ မာမွတ်အာ့ဘတ်စ်က ကမ်းလှမ်းလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ဂျေရုဆလင်တွင် အမေရိကန်သံရုံးသစ် ဖွင့်လှစ်သည့် အခမ်းအနားသို့ တက်ရောက်ရန် အစ္စရေးသို့ သွားရောက်ဖွယ်ရှိသည်ဟု သမ္မတထရမ့်က ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကို ဂျေရုဆလင်တွင် မေလအတွင်း ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေပြီဟု အမေရိကန် နိုင်ငံခြားရေးဌာနက သောကြာနေ့တွင် ပြောကြားလိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။