News

POST TAGGED AS

ချောင်းသာ

13-Dec-2017

ပုသိမ်
ဘိုကလေး၌ မီးလောင်

ပုသိမ်၊ ဒီဇင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် စက်ဆန်းရွာမ အမှတ် ၃ ရပ်ကွက် ကမ်းနားလမ်းတွင် ယနေ့ (ဒီဇင်ဘာလ ၁၃ ရက်) နံနက် ၆ နာရီမှ ၈ နာရီဝန်းကျင်အထိ မီးလောင်မှုဖြစ်ပွားရာ တိုက်အိမ် ၂ လုံး ပျဉ်ထောင်အိမ် ၄ လုံး ပျက်စီးဆုံးရှုံးကြောင်း စက်ဆန်းရွာမနယ်မြေ မီးသတ်စခန်းထံမှ သိရသည်။

ကမ်းနားလမ်းရှိ နှစ်ထပ်တိုက်အိမ်မှ မီးစတင်လောင်ခြင်းဖြစ်ပြီး အနီးရှိ တိုက်အိမ် အပေါင်ဆိုင်တစ်ဆိုင်နှင့် ပျဉ်ထောင်အိမ် လေးလုံး ပျက်စီးခဲ့ကြောင်း ယင်းမီးသတ်စခန်း တာဝန်ခံ ဦးလှမျိုးက ပြောကြားသည်။

“ဘယ်လိုဖြစ်ပြီး လောင်တယ်ဆိုတာ စုံစမ်းစစ်ဆေးနေဆဲပါ”ဟု ၎င်းကဆိုသည်။

ဘိုကလေးမြို့နယ်တွင် နိုဝင်ဘာလ ၆ ရက်နေ့က တစ်နာရီအတွင်း နေရာဒေသနှစ်ခု၏ ၁၀ မိုင်ခန့် အကွာအဝေးတွင် မီးလောင်ခဲ့ရာ စက်သုံးဆီ သိုလှောင်ရုံတစ်လုံးနှင့် လူနေ အဆောင်အအုံ ၁၇ လုံး ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယခု မီးလောင်မှုမှာ သီတင်းလေးပတ်အတွင်း တတိယအကြိမ်မြောက် မီးလောင်မှုဖြစ်ကြောင်း ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

R-12

  • VIA


FOLLOW US