News

POST TAGGED AS

ချောင်းသာ

05-May-2018 tagged as ချောင်းသာ
ခရီးသွားဧည့်သည်များ အပန်းဖြေ အနားယူရန် သွားရောက်လည်ပတ်လေ့ရှိသည့် ချောင်းသာကမ်းခြေသည် လက်ရှိတွင် နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုမှာ ၂ နှစ်ဆက်တိုက် လျော့နည်းလျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် ရန်ကုန်-ပုသိမ် ကားလမ်းမကြီးအနီးတွင် တွေ့သည့်အလောင်းမှာ ရန်ကုန်မှချောင်းသာသို့ ကားအငှားလိုက်ပြီး အသတ်ခံရသော အငှားယာဉ် မောင်းဖြစ်ကာ မော်တော်ယာဉ်ပါ လုယက်ခံရကြောင်း ကျောင်းကုန်းမြို့မ ရဲစခန်းထံမှ သိရသည်။
ဧရာဝတီတိုင်း ချောင်းသာကမ်းခြေနှင့် ၁၀ မိုင်ခန့်ဝေးသော ကျွန်းတစ်ကျွန်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့်အနေနှင့် “The Lady Island” ကျွန်းဟု အမည်ပြောင်းရန် စီစဉ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ဧရာဝတီတိုင်း ပုသိမ်ခရိုင်ရှိ ပုသိမ်မြို့မှ ချောင်းသာကမ်းခြေဒေသနှင့် မော်တင်ကမ်းခြေဒေသသို့ သွားရာ ကားလမ်းနှစ်ခုကို ယခုဘဏ္ဍာနှစ်တွင် အဆင့်မြှင့်ကာ တိုးချဲ့ဖောက်လုပ်နေကြောင်း ပုသိမ်ခရိုင် လမ်းဦးစီးဌာနထံမှ သိရသည်။
23-Dec-2017 tagged as ချောင်းသာ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ချောင်းသာ ပင်လယ်ကမ်းခြေဒေသတွင် ခရီးသည် ပိုမို ဝင်ရောက်ရေးအတွက် သန့်ရှင်းသာယာလှပရေးနှင့် ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ချောင်းသာကမ်းခြေဒေသ ဟိုတယ်ဇုန်လုပ်ငန်းအဖွဲ့ထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ချောင်းသာကမ်းခြေသို့ ယခုနှစ်တွင် လာရောက်လည်ပတ်သော ခရီးသွားများမှာ ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်း လျော့ကျကြောင်း ချောင်းသာကမ်းခြေ ဒေသဟိုတယ်ဇုန်လုပ်ငန်း အဖွဲ့ရုံးထံမှ သိရသည်။
10-Oct-2017 tagged as ချောင်းသာ
ဧရာဝတီတိုင်းဒေသကြီး ချောင်းသာ အပန်းဖြေကမ်းခြေတွင် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ထားသည့် စည်းကမ်းနှင့်အမိန့်ကို လိုက်နာခြင်းမရှိသဖြင့် ချောင်းသာကမ်းခြေတွင် ထီးများဖြင့် ရောင်းချသောဈေးသည် ၆ ဦးကို အောက်တိုဘာလ ၁၀ ရက် နံနက်ပိုင်းက ဖမ်းဆီးအရေးယူခဲ့ကြောင်း ချောင်းသာကမ်းခြေ ဒေသအုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောကြားသည်။
ယခုနှစ် သီတင်းကျွတ်ရုံးပိတ်ရက်သည် စနေ၊ တနင်္ဂနွေနှင့်ပါ တစ်ဆက်တည်းဖြစ်ကာ ပိတ်ရက် ငါးရက်ဖြစ်၍ ချောင်းသာ ကမ်းခြေသို့ အပန်းဖြေ လာရောက်သူ ယခင် နှစ်ထက် နှစ်ဆခန့် ပိုများပြီး ကမ်းခြေ ဟိုတယ် အားလုံး အခန်းမှာယူ၍ မရတော့ကြောင်း ချောင်းသာကမ်းဒေသ ဟိုတယ်ဇုန် လုပ်ငန်းအဖွဲ့ရုံး ရုံးအဖွဲ့မှူး ဦးသာဦးက ပြောကြားသည်။
08-Jul-2017 tagged as ချောင်းသာ
တစ်ချိန်က နာမည်ကျော်ခဲ့တဲ့ ချောင်းသာကမ်းခြေဟာ အခုဆိုရင် အမှိုက်နဲ့ အညစ်ကြေး ပြသနာတွေ ရင်ဆိုင်နေရပါတယ်။ ကမ်းခြေသန့်ရှင်းဖို့ ဇွန်လ ၃ ရက်နေ့က လူ ၅၀၀ လောက် ပါဝင်ပြီး ပညာပေး ရှင်းလင်းဟောပြောမှုတွေ ပြုလုပ်ခဲ့ပါတယ်။
03-Jun-2017 tagged as ချောင်းသာ
မြန်မာနိုင်ငံရှိ သြစတေးလျ ကျောင်းသားဟောင်းများအဖွဲ့က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ချောင်းသာကမ်းခြေ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဒေသခံများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဟိုတယ်ဝန်ထမ်းများ အစိုးရဌာနဆိုင်ရာများနှင့် လက်တွဲကာ “CLEAN BEACH – CLAEN WATER CAMPAIGN”ကို မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ချောင်းသာကမ်းခြေဒေသ အုပ်ချုပ်ရေးအဖွဲ့မှ သိရှိရသည်။