News

POST TAGGED AS

ချောက်မြို့

01-Jun-2018

တံတား ကလေး
ကလေးတွင် မြစ်သာမြစ်ကူးတံတားအသစ်တစ်စင်း တည်ဆောက်မည်
ကလေး၊ မေ ၃၁ 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြစ်သာမြစ်အရှေ့ဘက်ခြမ်းတွင် နေထိုင်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် မြစ်သာမြစ်ကူးတံတား အသစ်တစ်စင်းကို တည်ဆောက်ပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က မေလ ၃၀ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အတွင်း ပြောကြားခဲ့သည်။ 

အဆိုပါ တံတားတည်ဆောက်ရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စတင်ပြီး ရန်ပုံငွေထည့်သွင်းလျာထားမည်ဖြစ်ကာ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ကလေးမြို့နယ်အတွင်း ဟံသာဝတီ - ကျောက်ဆည် ကျေးရွာချင်းဆက်လမ်းပေါ်တွင် ကျပ်သန်း ၉၇၃ သန်း အသုံးပြုတည်ဆောက်ထားသည့် မြစ်သာမြစ်ကူး ကြိုးတံတားကို၂၀၁၇ ခုနှစ်အတွင်းက ဖွင့်လှစ်ခဲ့ပြီး ယခု ပြည်သူ့လွှတ်တော်တွင် တည်ဆောက်ပေးရန် ပြောကြားခဲ့သည့် နေရာသည် အင်းဒင် - ပေါက်တော ကျေးရွာချင်းဆက်လမ်းမပေါ်တွင် တည်ဆောက်မည်ဖြစ်ကြောင်း ကလေးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက ပြောကြားသည်။

R-20



FOLLOW US