News

POST TAGGED AS

ချောက်မြို့

17-May-2018

မန္တလေး လယ်ယာ
မန္တလေးတိုင်းရှိ သိမ်းဆည်းလယ်ယာမြေဧက ၂၁၀၀ ကျော် ပြန်လည်စွန့်လွှတ်ပြီးဟု ဒုသမ္မတပြော
မန္တလေး၊ မေ ၁၆

မန္တလေးတိုင်းဒေသကြီးရှိ သိမ်းဆည်းလယ်ယာမြေများအနက် လယ်မြေ ၂၁၀၀ ကျော်ကို ယာယီမြေယာ လုပ်ကိုင်ခွင့်ပြန်ပေးပြီးဖြစ်ကြောင်း လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌဖြစ်သည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

မန္တလေးတိုင်း မြစ်သားမြို့ လုပ်အားကြေးမုံခန်းမတွင် မေလ ၁၅ ရက် ညနေက ပြုလုပ်သော ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် (၁) ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ (မိုင်းမော) မှ ပြန်လည်စွန့်လွှတ်သည့် ကံဆွယ်ကျေးရွာ အုပ်စုရှိ လယ်မြေ ၂၁၈ ဧကကျော်ကို တောင်သူများထံ ယာယီလယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ ၃) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားသည်။ 

မန္တလေးတိုင်းတွင် သိမ်းဆည်းမြေ ပြန်လည်ပေးအပ်ပွဲ ၅ ကြိမ်ကျင်းပခဲ့ပြီး တောင်သူ ၆၅၀ ဦးထံ လယ်ယာမြေ ၂၁၅၆ ဧက ပေးပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

သိမ်းဆည်းခံရသော မြေများနှင့်ပတ်သက်၍ မှန်ကန်စွာတိုင်ကြားနိုင်ပြီး တိုင်ကြားစာများကို မြန်ဆန်တိကျစွာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

သိမ်းဆည်းမြေများကို ပြန်လည်စွန့်လွှတ်သည့်အတွက် တောင်သူများကိုယ်စား ကျေးဇူးတင်ကြောင်း ယာယီလုပ်ကိုင်ခွင့်ရသူ သရက်ပင်ကံဆွယ် ကျေးရွာတောင်သူ ဦးအောင်မင်းက ပြောသည်။

ယခုမြေယာပေးအပ်မှုနှင့် ပတ်သက်၍ မူလပိုင်ရှင်များမပါဝင်ဘဲ သီးစားချထားခံရသော တောင်သူများ ရရှိသည်ဟုဆိုကာ ဒေသခံ ၁၆ ဦးက လက်မှတ်ရေးထိုး၍ ကန့်ကွက်ခဲ့ကြောင်း အုန္နဲဘုတ်ကျေးရွာ ဒေသခံ ဦးခင်မောင်ထွန်းက ပြောဆိုသည်။ 

M-01



FOLLOW US