News

POST TAGGED AS

ချောက်မြို့

မြန်မာနိုင်ငံ၏ အပူပြင်းဆုံးမြို့ဖြစ်သော မကွေးတိုင်း ချောက်မြို့ရှိ အပူချိန်လျှော့ချနိုင်ရန်အတွက် ချောက်ဘူတာရုံအနီးရှိ မြေတစ်ဧကအကျယ်ပေါ်၌ ဝါးပင်ခြောက်ထောင်စိုက်ပျိုးမည်ဖြစ်ကြောင်း ယင်းမြို့အပူချိန်ကျဆင်းရေးအတွက် ဦးဆောင်လုပ်ကိုင်နေသော စိမ်းလန်းကွန်ရက်ထံမှသိရသည်။
မကွေးတိုင်း ချောက်မြို့နယ်၌ အဝေးပြေးကားကြီးကွင်း တည်ဆောက်ရန် မြေနေရာ သတ်မှတ်ပြီးစီးပြီဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမန်းက ပြောကြားသည်။
မကွေးတိုင်း မြို့သစ်မြို့နယ် တောင်တွင်းကြီး - နတ်မောက်ကားလမ်း မိုင်တိုင်အမှတ် ၂၁ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြားရှိ ရွှေပန်းပင်ချောင်း ရေကျော်ကွန်ကရစ်လမ်းတွင် မေလ ၃၀ ရက်နေ့ ညနေပိုင်းက တွဲကားတစ်စီး ကျွံကျ၍ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း မြို့သစ်မြို့မရဲစခန်းထံမှ သိရသည်။
မကွေးတိုင်း ချောက်မြို့နယ်အတွင်းရှိ ကျောင်းများတွင် ရောင်းချနေသည့် ဈေးသည် ၂၂၀ ဦးအနေနှင့် ကန့်သတ်ထားသည့် စားသောက်ကုန်များကို ရောင်းချပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။
21-May-2018 tagged as ချောက်မြို့
မကွေးတိုင်း ချောက်မြို့ ရပ်ကွက်လမ်းများကို ကတ္တရာနှင့် ကွန်ကရစ်လမ်းအဖြစ် ခင်းခြင်းကို ကျပ်သိန်း ၅၇၀ ကျော် အသုံးပြု၍ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် လယ်ယာမြေပိုင်ဆိုင်ကြောင်း ထောက်ခံချက် (ပုံစံ ၇) ထုတ်ပေးရန် တစ်ရာခိုင်နှုန်းခန့်သာ ကျန်ရှိကြောင်း ယင်းမြို့လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရသည်။
မကွေးတိုင်း ချောက်မြို့ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း၌ မေလ ၁၅ ရက်နေ့က (၂၁) ကြိမ်မြောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အကြို မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲကျင်းပပြုလုပ်ကြောင်း ယင်းမြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ရှမ်းပြည် အောင်ပန်း၌ အာလူးဈေးတက်၍ မကွေးတိုင်း ချောက်မြို့တွင် ရှမ်းအာလူးဈေး တစ်ပိဿာလျှင် ကျပ် ၂၀၀ ခန့် ဈေးတက်ကြောင်း ကုန်စိမ်းရောင်းဝယ်သူများထံမှ သိရသည်။
မကွေးတိုင်းဒေသကြီး ချောက်မြို့နှင့် ဆိပ်ဖြူမြို့တို့ကို ဆက်သွယ်ထားသော ဧရာဝတီမြစ်ကူးတံတား အနော်ရထာ ပထမဆုံးအကြိမ် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ မတ်လကုန်၌ ပြီးစီးမည်ဖြစ်ကြောင်း အဆိုပါ တံတားပြုပြင်ရေး တံတားအထူးအဖွဲ့ ၅ ထံမှ သိရသည်။
မကွေးတိုင်း ချောက်မြို့တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (ချောက်-လမ်းရွာ) က ယခုဘဏ္ဍာနှစ်အတွက် လူထုအထောက်အကူပြုရေး လုပ်ငန်း (CSR) လုပ်ကိုင်နိုင်ရန်အတွက် ယင်းဒေသခံများထံသို့ ကျပ်သိန်း ၁၈၀၀ နီးပါးအထိ ပေးအပ်ကြောင်း ယင်းလုပ်ငန်းထံမှသိရသည်။