News

POST TAGGED AS

ချောက်ထဲကျ

ထောင်ဒဏ် ၂၅ နှစ်ကျနေသူကို ငွေကြေးခဝါချ တိုက်ဖျက်ရေး ဥပဒေဖြင့် ထပ်မံအရေးယူ
ကျိုင်းတုံ၊ ဧပြီ ၃၀ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့တွင် နေထိုင်ပြီး မူးယစ်မှုဖြင့် ထောင်ဒဏ် ၂၅ နှစ်ကျခံနေရသော အမျိုးသားကို ဧပြီလ ၂၇ ရက်က ငွေကြေးခဝါချတိုက်ဖျက်ရေး ဥပဒေဖြင့် ထပ်မံ အရေးယူထားကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ အမျိုးသားက ၂၀၁၇ ခုနှစ်တွင် ထောင်ကျခဲ့ပြီး မူးယစ်ဆေး ရောင်းငွေများဖြင့် အိမ်များ ဝယ်ထားသည်ကို အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးတွေ့ရှိသဖြင့် ထပ်မံ အမှုဖွင့်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

ငွေကြေးခဝါချတိုက်ဖျက်ရေး ဥပဒေဖြင့် ထပ်မံ အရေးယူခံရသည့် ဦးတင်ဝင်း (၄၅ နှစ်) အပါအဝင် အမျိုးသားတစ်ဦးကို မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျွဲတပ်ဆုံရွာ သံလမ်းအကူးအနီးတွင် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၈ ရက်က ကျပ်သိန်း ၂၄,၀၀၀ ကျော်ဖိုးရှိ စိတ်ကြွဆေးပြား ၄၈၀,၀၀၀ ကျော်နှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်သည်။ 

မူးယစ်မှုဖြင့် ထောင်ဒဏ်ကျခံနေသည့် တင်ဝင်း(၄၅ နှစ်)သည် တာချီလိတ်မြို့ စဝ်စံထွန်းလမ်းတွင် ကျပ်သိန်း ၄၆၀၀ ကျော်တန် နှစ်ထပ်ခွဲ အိမ်တစ်လုံးနှင့် စိန်းလမ်းသော တောင်ကြားလမ်းတွင် ကျပ်သိန်း ၁၈၀၀ တန် ခုနစ်ခန်းတွဲ နှစ်ထပ်အိမ်တစ်လုံးတို့ကို မူးယစ်ဆေးဝါး ရောင်းချငွေများဖြင့် ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။ 

R-16



FOLLOW US