News

POST TAGGED AS

ချောက်ထဲကျ

ရခိုင်တွင် သဘာဝဘေးဒဏ်ခံ အဆောက်အအုံ ၂၆ လုံး ဆောက်မည်
စစ်တွေ၊ မတ် ၂၄

ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မာန်အောင်၊ ပေါက်တော၊ တောင်ကုတ်၊ ကျောက်ဖြူ အပါအဝင် မြို့နယ် ၈ ခုတွင် သဘာဝဘေးဒဏ်ခံ အဆောက်အအုံ့ ၂၆ လုံးကို အမျိုးသား သဘာဝဘေးရန်ပုံငွေဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှူး ဦးကျော်မင်းက ပြောသည်။

အဆိုပါ အဆောက်အအုံများကို စစ်တွေမြို့နယ်တွင် ၃ လုံး၊ မာန်အောင် မြို့နယ်တွင် ၈ လုံး၊ ပေါက်တောမြို့နယ်တွင် ၃ လုံး၊ ကျောက်ဖြူမြို့နယ်တွင် ၈၄ လုံး၊ ရမ်းဗြဲ မြို့နယ်တွင် ၄ လုံး၊ မြောက်ဦးမြို့နယ်တွင် ၁ လုံး၊ မောင်တောမြို့နယ်တွင် ၁ လုံး စသည်ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

ကမ်းရိုးတန်းဒေသဖြစ်သော ရခိုင်ပြည်နယ်သည် နှစ်စဉ် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရသော ဒေသတစ်ခုဖြစ်သောကြောင့် ပြည်သူများ မုန်တိုင်းအန္တရာယ် ကျရောက်လာသည့်အခါ ခိုလှုံနိုင်ရန်အတွက် သဘာဝဘေးဒဏ်ခံ အဆောက်အအုံများကို တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ အဆိုပါ အဆောက်အအုံများမှာ ရိုးရိုး၊ ဘက်စုံသုံးနှင့် စာသင်ကျောင်းအဖြစ်ပါ အသုံးပြုနိုင်စေရန် စသည့် အမျိုးအစားသုံးမျိုးဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မုန်တိုင်းဒဏ်ခံ အဆောက်အအုံ တည်ဆောက်မည်ဆိုလျှင် အမှန်တကယ် ဝင်ရောက်လာသောအခါ ခံနိုင်ရည်မရှိသော အဆောက်အအုံ မဖြစ်စေရန်အတွက် စနစ်တကျလုပ်ဆောင်ရန် လိုအပ်ကြောင်း စစ်တွေမြို့နေ လူမှုကူညီရေးများ ဆောင်ရွက်သူ ဦးထွန်းအောင်စိန်က သုံးသပ်လိုက်သည်။

ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၂၂ လုံးရှိပြီး ၂၀၁၇ ခုနှစ် မကုန်ဆုံးမီက စစ်တွေ၊ ရမ်းဗြဲ၊ ပေါက်တောနှင့် ကျောက်ဖြူမြို့နယ်တို့တွင် ၄ လုံး တည်ဆောက်နေကြောင်း၊ ယခုထပ်မံ၍ ၂၆ လုံးတည်ဆောက်ပြီးပါက စုစုပေါင်း ၅၂ လုံး ရှိမည်ဖြစ်သည်။

R-22



FOLLOW US