News

POST TAGGED AS

ချောက်ထဲကျ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းပိုင်း ကွတ်ခိုင်နှင့် နမ့်ဖတ်ကာအကြားတွင် ဧပြီလ ၃၀ ရက်နေ့ နံနက်က ခရီးသည်တင်ယာဉ်တစ်စီး လမ်းဘေးချောက်ထဲသို့ ပြုတ်ကျခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ သုံးဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ရခိုင်ပြည်နယ် ဂွမြို့နယ် ရခိုင်ရိုးမပေါ် ဗေဒါဂိတ်အနီးတွင် ဧပြီ ၂ ရက် ညပိုင်း ဇာတ်ကပြီးပြန်လာသော အောင်စန်းပွင့် ဇာတ်အဖွဲ့ဝင်များ တင်ဆောင်လာသော ကား ချောက်ထဲကျရာမှ ၆ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂွမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
မန္တလေးမြို့မှ ချင်းပြည်နယ် မတူပီမြို့နယ် အိုက္ကားကျေးရွာသို့ အသုဘလိုက်ပို့ပြီး ပြန်လာသည့် နာရေးယာဉ်တစ်စီး ချောက်ထဲသို့ ပြုတ်ကျခဲ့သဖြင့် ယာဉ်မောင်းအပါအဝင် လူလေးဦး သေဆုံးခဲ့ကြောင်း မဏိစလ လူမှုကူညီရေးအသင်းထံမှ သိရသည်။