News

POST TAGGED AS

ကျေးလက်

မြန်မာနိုင်ငံရှိ လျှပ်စစ်မီးမရှိသည့် အိမ်ထောင်စုများသို့ ဆိုလာစွမ်းအင်ဖြင့် ဆောင်ရွက်နေသည့် SolarHome ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ သန်း ထပ်မံတိုးမြှင့်ထားကြောင်း ကုမ္ပဏီမှ ပြန်ကြားရေးတာဝန်ခံ ဒေါ်ဝတ်ရည်အောင်က ပြောကြားသည်။
05-Jun-2018 tagged as ကျေးလက်
မြန်မာနိုင်ငံရှိ လျှပ်စစ်မီးမရှိသည့် အိမ်ထောင်စုများသို့ ဆိုလာစွမ်းအင်ဖြင့် ဆောင်ရွက်နေသည့် Solar Home ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂ သန်း ထပ်မံတိုးမြှင့်ထားကြောင်း ကုမ္ပဏီမှ ပြန်ကြားရေးတာဝန်ခံ ဒေါ်ဝတ်ရည်အောင်က ပြောကြားသည်။
အမျိုးသမီးဘဝ မြင့်မားစေရန်အတွက် မြို့ပြတွင် တက်ကြွစွာလှုပ်ရှားမှုများ ပြုလုပ်သကဲ့သို့ ကျေးလက်များတွင်လည်း ကျယ်ပြန့်စွာ လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်သင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်ဆူဇန်နာ လှလှစိုးက ပြောကြားသည်။
ကျေးလက်ဒေသများတွင် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အီတလီ အစိုးရထံမှ ယူရိုငွေသန်း ၃၀ ချေးယူရန် အီတလီ အစိုးရနှင့် ဆွေးနွေးလျက်ရှိကြောင်း အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း (NEP) ထံမှ သိရသည်။
ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုဖြင့် ကျန်းမာရေးကဏ္ဍမြှင့်တင့်ရန်ကိစ္စကို လွှတ်တော်က အတည်မပြုဘဲ မှတ်တမ်းအဖြစ်သာ ထားရှိလိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
ဧရာဝတီတိုင်း မြို့နယ်များရှိ ကျေးရွာ ၉၅ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (Village Development Project) လုပ်ငန်းများကို ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ကာ ဆောင်ရွက်နေပြီး ကျပ်သန်း ၉၅၀ အသုံးပြုမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးသန်းထံမှ သိရသည်။
မကြာမီ အနာဂတ်ပညာရေးဟာ ကျောင်းကို ကျောင်းသားလာမှဆိုတဲ့ အယူအဆ ပျောက်ကွယ်သွားမယ်။ အွန်လိုင်းကနေ ကျောင်းခေါ်ကြိမ်သတ်မှတ်မယ်။ အွန်လိုင်းမှာ တစ်နေ့ ဘယ်နှနာရီဝင်ပြီး အလုပ်လုပ်တယ်ဆိုတာနဲ့ သတ်မှတ်မယ်။ အွန်လိုင်းမှာ ဘယ်လောက် ရှာဖွေနိုင်တယ်ဆိုတာနဲ့ အရည်အချင်းကို သတ်မှတ်တဲ့ခေတ် ရောက်လာလိမ့်မယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း လက်ရှိတည်ဆောက်နေသည့် ကျေးလက်လမ်းတံတားတစ်စင်းမှာ အရည်အသွေးမပြည့်မီသည့်အတွက် ပြန်လည်ပြုပြင်ရန် ကုမ္ပဏီကို ညွှန်ကြားထားကြောင်း ဟုမ္မလင်းမြို့၊ လမ်းဦးစီးဌာနထံမှ သိရသည်။
မောင်တောမြို့နယ် ကျီးကန်းပြင် တောင်ရွာအနီးတွင် စုဝေးနေထိုင်နေသော ဘင်္ဂါလီများအတွက် ပြည်ထောင်စုအစိုးရက စနစ်တကျ ရွာတည်ပေးမည့် အစီအစဉ်ကို ARSA အကြမ်းဖက်သမားများ၏ရန်ကို ကြောက်သဖြင့် ဘင်္ဂါလီများ လက်မခံကြောင်း ကျေးရွာတာဝန်ခံတစ်ဦးက ပြောကြားသည်။
မန္တလေးတိုင်းအတွင်း ကျေးလက်ကျန်းမာရေးဌာနများတွင် အခြေခံအဆောက်အဦများ အသစ်တည်ဆောက်ခြင်းနှင့် အဆင့်မြင့်တင်ခြင်းများ ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ပြည်သူကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။