News

POST TAGGED AS

ကျောင်းသူ

တက္ကသိုလ်ဝင်တန်းဖြေဆိုနေသည့် ကျောင်းသူတစ်ဦး ဓားထိုးခံရ
ရန်ကုန်၊ မတ် ၁၃

မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံ မြို့သစ်၊ အမှတ် (၁၄) ရပ်ကွက်၊ နရပတိလမ်းထိပ်တွင် မတ်လ ၁၃ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က တက္ကသိုလ်ဝင်တန်းဖြေဆိုနေသည့် ကျောင်းသူတစ်ဦးကို အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးက ဓားနှင့် ထိုးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ 

ယင်းမြို့နယ်၊ အမှတ် (၁၅) ရပ်ကွက်၊ မင်းရဲနရပတိလမ်းတွင်နေထိုင်သူ အသက် ၁၈ နှစ်အရွယ် ကျောင်းသူသည် နေအိမ်မှ ရွှေပေါက္ကံစာစစ်ဌာန၊ အထက ၆ ကျောင်းသို့ စာမေးပွဲဖြေဆိုရန် တစ်ဦးတည်းထွက်လာစဉ် အမှတ် (၁၄) ရပ်ကွက်၊ နရပတိလမ်းထိပ်၌ လွန်ခဲ့သော ၄ လခန့်က သိကျွမ်းခဲ့သည်ဟုဆိုသော အမျိုးသားနှင့်တွေ့ဆုံပြီး စကားများရန်ဖြစ်စဉ် ယင်းအမျိုးသားက အသင့်ပါလာသော အရိုးအသွား ၇ လက်မခန့်ရှိ စတီးဓားနှင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“ဘာအကြောင်းကြောင့် ဖြစ်တယ်ဆိုတာ မသိရသေးဘူး၊ ပြစ်မှုကျူးလွန်သူကိုတော့ ဖမ်းဆီးစစ်ဆေးနေတယ်။ ကောင်မလေးက စိုးရိမ်ရအခြေအနေနဲ့ မြောက်ဥက္ကလာပဆေးရုံကြီး အရေးပေါ်ဌာနမှာ တင်ထားတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ဓားနှင့် ထိုးခံရသည့် ၁၀ တန်းကျောင်းသူမှာ ရွှေပေါက္ကံစာစစ်ဌာနတွင် ဘောဂဗေဒဘာသာတွဲကို အတွင်းဖြေဝင်ရောက်ဖြေဆိုနေခြင်းဖြစ်ပြီး ဓားထိုးခံရမှုကြောင့် ဝမ်းဗိုက်ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ညာလက်ပြင်ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ဘယ်ပေါင်ပြတ်ရှ ဒဏ်ရာတစ်ချက် ရရှိခဲ့ကြောင်း၊ ဓားထိုးမှုကျူးလွန်သည်ဟုဆိုသော အသက် ၂၁ နှစ်အရွယ် လင်းထက်ကို ရွှေပေါက္ကံနယ်မြေရဲစခန်းက (ပ) ၁၄၇/ ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။

J-16



FOLLOW US