News

POST TAGGED AS

ကျောင်းသူ

ကျောင်းသူလေးများ၏လုံခြုံရေး အကာအကွယ်ပေးရန် နိုင်ဂျီးရီးယားအာဏာပိုင် မစွမ်းဆောင်နိုင်


အဘူဂျာ၊ ဖေဖော်ဝါရီ ၂၆

ဘိုကိုဟာရမ် အစွန်းရောက်အစ္စလာမ္မစ်များက ကျောင်းများကို စီးနင်းတိုက်ခိုက်ပြီး ကျောင်းသူများကို ဖမ်းခေါ်နေသည့် ကိစ္စအပေါ် နိုင်ဂျီးရီးယားတပ်မတော်နှင့် အာဏာပိုင်များကကာကွယ်ပေးရန် လုံးဝပျက်ကွက်လျက်ရှိသည်ဟု မီဒီယာများက ဝေဖန်ရေးသားကြသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ခဲ့သည့် တိုက်ခိုက်မှုများအတွက် မိန်းကလေး ၁၀၀ ကျော် ထပ်မံဖမ်းဆီးခံထားရသည်။

ယင်းသို့ဖြစ်ရပ်များကြောင့် အမျိုးသမီးများကို ကျောင်းပို့ခြင်းအား မိဘများက မလုပ်ဆောင်တော့မည်ကို စိုးရိမ်ရပါကြောင်း DW သတင်းက ဖော်ပြထားသည်။

“ဘိုကိုဟာရမ်ဟာ ကျွန်မတို့ သမီးငယ်တွေကို ဖမ်းနေပါတယ်။ တစ်ယောက်ယောက်က ကယ်ကြပါဦးရှင်”ဟု ၁၇ နှစ် အရွယ် သမီးပါသွားသည့် ကာဒူးဆိုသူ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။ 

ဘိုကိုဟာရမ် အစ္စလာမ္မစ်များကြောင့် မိန်းကလေး ၁၁၀ ခန့် ပျောက်နေကြောင်း နိုင်ဂျီးရီးယားအစိုးရက အတည်ပြုပေးထားသည်။ 

ဒေသခံများ၏ ဒေါသသည် အစွန်းရောက်များကိုသာမက ကာကွယ်မပေးနိုင်သည့် အစိုးရဘက်ကိုပါ ဦးလှည့်လျက်ရှိချေပြီ။ 

ပြီးခဲ့သည့် ၃ ရက်က စစ်တပ်သည် ဒပ်ချီမြို့မှ ဆုတ်ခွာသွားခဲ့ပြီး ရဲအစောင့်အကြပ်လည်းနည်းခဲ့ကာ ဘိုကိုဟာရမ်က ဝင်စီးသွားခဲ့ခြင်းဖြစ်သည်။ 

ပြည်နယ်အုပ်ချုပ်ရေးမှူး အီဘရာဟင်ဂါဒန်က နိုင်ဂျီးရီးယားစစ်တပ်အနေနှင့် ကယ်ဆယ်ရေးထိုးစစ်များ လုပ်ဆောင်နေကြောင်း ပြောကြားသွားခဲ့သည်။ 

ရောက်လာသော ပြည်နယ်အုပ်ချုပ်ရေးမှူးကို ကလေးမိဘများကဒေါသတကြီး စကားဝိုင်းပြောကြပြီး ယာဉ်တန်းပြန်ထွက်သွားစဉ် အချို့က ခဲနှင့် လိုက်ပေါက်ကြသည်။ 

ဘိုကိုဟာရမ်သည် နိုင်ဂျီးရီးယားနယ်စွန်နယ်ဖျားတွင် သောင်းကျန်းနေသော အစ္စလာမ္မစ်စစ်သွေးကြွများဖြစ်ကာ ယခင်ကလည်း မိန်းကလေးငယ်များကို ဖမ်းဆီးခဲ့ဖူးသည်။

F-02



FOLLOW US