News

POST TAGGED AS

ကျောင်းသား

05-Oct-2017 tagged as ကျောင်းသား
တိုင်းအစိုးရက ဝယ်ယူထားသည့် ကိုရီးယားနိုင်ငံထုတ် ကျောင်းကားသစ်များဖြင့် အများပိုင် ကုမ္ပဏီဖွဲ့၍ သီတင်းကျွတ်ကျောင်းပိတ်ရက်အပြီး ပြေးဆွဲမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။
ကျောင်းသား ကျောင်းသူများကို ဘောင်းဘီစကပ်ချွတ် မတ်တတ်ရပ်စေ၍ ဒဏ်ပေးခဲ့သည့် ရေတာရှည်မြို့နယ် ကူးတို့ဆိပ်ကျေးရွာမှ ဆရာမကို စာသင်ခွင့် ရပ်ဆိုင်းကာ မြို့နယ်ပညာရေးမှူးရုံး တွဲဖက်အဖြစ် ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်ကြောင်း ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
27-Sep-2017 tagged as ကျောင်းသား
ကျောင်းသားငယ်များကို အောက်ပိုင်း အဝတ်ဗလာဖြင့် အပြစ်ပေးသည့်ကိစ္စ ပေါ်ပေါက်ပြီးနောက် ကျောင်းသားများကို မရိုက်နှက်ရန် အခြေခံပညာ ဦးစီးဌာနကို ရည်ညွှန်း၍ တားမြစ်သည့် ညွှန်ကြားချက်များ လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး ယင်းအပေါ် ဆရာများအကြား ဝေဖန်သံ ကျယ်လောင်နေသည်။
ထို့ကြောင့် စာသင်သက် ၃၀ ဖြတ်သန်းခဲ့သည့် စာရေးသူအနေနှင့် အကြံပြုလိုသည်မှာ စာသင်သားတပည့်များအား ဥပမာများသုံး၍ နှိုင်းယှဉ်သင်ကြားပေးခြင်း၊ အတုယူစရာများ ပြော၍ သင်ကြားပေးခြင်း၊ အခွင့်အလမ်းများ ပြောပြခြင်း၊ ကလေးများစိတ်ကို တိုက်တွန်းဆွဲခေါ် လှုံ့ဆော်အားပေးခြင်းတို့ဖြင့် ပညာသားပါပါ သင်ကြားဖို့ အချိန်တန်ပေပြီ။
ပုသိမ်ကြီးမြို့ အခြေခံပညာ အထက်တန်းကျောင်း ဒသမတန်း (စီ) တွင် ပညာသင်ယူနေသော ကျောင်းသားတစ်ဦးက အတန်းပိုင် ဆရာမရှေ့တွင် ရူပဗေဒဘာသာရပ်သင်ဆရာမကို ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက လက်သီးဖြင့် ထိုးခဲ့ကြောင်း ယင်းကျောင်းတွင် ပညာသင်ယူနေသော ကျောင်းသား ကျောင်းသူ အသိုင်းအဝိုင်းထံမှ သိရသည်။
ကျောင်းသားသမဂ္ဂ အဆောက်အအုံ မတည်ဆောက်မီ တက္ကသိုလ်များတွင် ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရန် လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိရေး ပြည်ထောင်စုအစိုးရက တရားဝင်စာထုတ်ပေးရန် လိုအပ်ကြောင်း မျိုးဆက်အသီးသီးမှ ကျောင်းသားဟောင်းများက ထောက်ပြသည်။
Learning ကသတ်သတ်၊ Employment ကသတ်သတ် ဆက်လက်ဖြစ်နေဦးမယ်ဆိုရင် Internal Brain Drain, External Brain Drain များ ဆက်လက်ဖြစ်ပေါ်နေဦးမှာ ဖြစ်ပါတယ်။ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်းကိုလည်း တိုက်တွန်းလိုပါတယ်။
ဆယ်တန်းစာမေးပွဲ မေးခွန်းပုံစံသစ်များ ယခုပညာသင်နှစ်တွင် ပြောင်းလဲမည် မဟုတ်သေးကြောင်း အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုး၏ ပြောကြားချက်ကို ကိုးကား၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နီလာဝင်းက ပြောကြားသည်။
မည်သို့ပင်ဆိုစေကာမူ ရှစ်လေးလုံး အရေးတော်ပုံကြီးသည် ယူတတ်လျှင် သင်ခန်းစာများကို ပေးစွမ်းပါသည်။ (၁) စစ်အာဏာရှင်များ၏ လက်သုံးစကား တစ်ခုဖြစ်သည့် “အာဏာသည် သေနတ်ပြောင်းဝမှာ ရှိသည်”ဟူသောစကားကို ချေဖျက်ခဲ့သည်။
24-Jul-2017 tagged as ကျောင်းသား
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ် ဝင်ဝကျေးရွာ အထက်တန်းကျောင်းသို့ အနီးအနားရှိ ကျေးရွာ ၆ ရွာမှ ကျောင်းသား၊ ကျောင်းသူများ ချောင်းကိုဖြတ်၍ ခက်ခဲစွာ ကျောင်းတက်နေရကြောင်း ဝင်ဝကျေးရွာ အထက်တန်းကျောင်း ကျောင်းဆရာ ဦးသန့်ဇင်ဟိန်းက ပြောကြားသည်။