News

POST TAGGED AS

ကျောင်းသား

ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ပြဇာတ် ကသောကျောင်းသားများကို တပ်မတော်၏ ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟုဆိုကာ တရားစွဲဆိုခံထားမှုနှင့်ပတ်သက်၍ ဧပြီ လ ၄ ရက်က ယင်းကျောင်းသားများကို ပုသိမ်မြို့နယ်တရားရုံးက ဒဏ်ငွေ ချမှတ်ခဲ့သည်။
အခြေခံပညာအဆင့် ပဉ္စမတန်းမှ ဒသမတန်းအထိ ကိုရင်ဝတ်ဖြင့် ကျောင်းအိပ်ကျောင်းစား ကျောင်းထားလိုသည့် ကျောင်းထိုင်ဆရာတော်များ၊ မိဘများ၊ အုပ်ထိန်းသူများအနေနှင့် ဓမ္မဓရဘာ သန္တရကောလိပ်တွင် ကျောင်းအပ်နိုင်မည်ဖြစ်ကြောင်း ယင်းကောလိပ် ကျောင်းအုပ်ဆရာတော်က မိန့်ကြားသည်။
ဧရာဝတီတိုင်းတွင် ကျောင်းဆရာ၊ ဆရာမများ အပြောင်းအရွှေ့နှင့် ရာထူးတိုးကိစ္စရပ်များကို ကျောင်းဖွင့်ချိန်တွင် အမိန့်ညွှန်ကြားချက်များ ထုတ်ပေးသဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအတွက် အခက်အခဲဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
အမေရိကန်နိုင်ငံတစ်ဝန်းမှ ထောင်သောင်းချီသော ကျောင်းသားကျောင်းသူများသည် ဆုတောင်းပွဲတစ်ပိုင်း၊ ဆန္ဒပြမှုတစ်ပိုင်းအဖြစ် စာသင်ခန်းများအတွင်းမှ ၁၇ မိနစ်ကြာထွက်ခွာပြီး ပိုမိုတင်းကျပ်သော လက်နက်ထိန်းချုပ်ရေးဥပဒေများ ပြဋ္ဌာန်းပေးရန် မတ်လ ၁၄ ရက်နေ့က တောင်းဆိုခဲ့ကြကြောင်း CNN သတင်းဌာနက ဖော်ပြသည်။
“တပ်တည်မြဲအမိန့်” မလိုက်နာဟုဆိုကာ မိဘများနေထိုင်ရာ တပ်လိုင်းခန်းသို့ ဝင်၊ ထွက်ခွင့် မပေးသည့်ကိစ္စ မိမိအနေနှင့် တပ်တည်မြဲအမိန့်ပါ စည်းကမ်းများ ချိုးဖောက်ခြင်းမရှိကြောင်း တပ်မတော်သားတစ်ဦး၏ သားဖြစ်သူ ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုသက်မောင်မောင်က မတ်လ ၁၅ ရက်တွင် ရန်ကုန်မြို့သို့ လာရောက်သတင်းစာရှင်းလင်းစဉ် ပြောဆိုသည်။
တရုတ်နိုင်ငံသည် သမ္မတရှီကျင့်ဖျင် တစ်သက်စာ အာဏာရရှိရေးအတွက် လမ်းရှင်းနေသော်လည်း ဆန့်ကျင်ကန့်ကွက်မှုမရှိဘဲ မဖြစ်လာနိုင်ကြောင်း BBC သတင်းတွင် ရေးသားထားသည်။
ပခုက္ကူတက္ကသိုလ်တွင် တက်ရောက်နေသော ဒုတိယနှစ် ရူပဗေဒဘာသာရပ် အထူးပြုကျောင်းသား ကိုသက်မောင်မောင်ကို ကျောင်းသားသမဂ္ဂအဖွဲ့မှ မနုတ်ထွက်သဖြင့် ပခုက္ကူခြေမြန်တပ်မဌာနချုပ် ဝန်ထမ်းလိုင်းခန်းမှ နှင်ထုတ်ခံရကြောင်း ကိုသက်မောင်မောင်က ပြောကြားသည်။
ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့ အိုင်ဇောက်ကျေးရွာ အလယ်တန်းကျောင်းမှ KG ကျောင်းသား မောင်ဇော်လင်းအောင်အား ကန်ကျောက်ထိုးနှက်သည့် ကျောင်းအကျိုးတော်ဆောင်နှင့် ယင်းအဖြစ်အပျက်အား ထိမ်ချန်ကွယ်ဝှက်ထားသော တာဝန်ရှိသူဆရာမတို့အားလည်း အရေးယူပေးရန် တိုင်းအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများထံ တိုင်ကြားခဲ့ကြောင်း အုပ်ထိန်းသူမိဘများက ပြောကြားသည်။
အင်တာဗျူးရာတွင် များသောအားဖြင့် အမေရိကန်သို့ ဘာကြောင့်သွားသည်၊ ဘာပညာရပ်သင်ယူမည်ကို မေးလေ့ရှိသည်။ အမေရိကန်ပြည်ထောင်စုသို့ ပညာသင်ရန်သာ သွားခြင်းဖြစ်ကြောင်းကို သေသေချာချာ ပြန်ဖြေသင့်သည်။
မန္တလေးမြို့တော်ရှိ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ခြောက်နှစ်ပြည့် အခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ယင်းတက္ကသိုလ် ပိတောက်လမ်းတွင် ကျင်းပခဲ့သည်။