News

POST TAGGED AS

ကျောင်းသား

မကွေးတက္ကသိုလ် ပါမောက္ခချုပ်သည် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို ချိုးဖောက်ခြင်းနှင့် ကျောင်းသားများနှင့် ဆရာများအပေါ် အာဏာအလွဲသုံးစားပြုခြင်းများ ရှိနေသည်ဟုဆိုကာ အဆိုပါတက္ကသိုလ်မှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက မကွေးမြို့ရှိ ကပ်ကျော်ဘုန်းတော်ကြီးကျောင်းတွင် ဩဂုတ် ၇ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျောင်းသားနှစ်ဦး ဘတ်စ်ကားတိုက်မိမှုကြောင့် သေဆုံးသွားပြီးနောက် လမ်းသွားလမ်းလာ အန္တရာယ်ကင်းဝေးရေးအတွက် ဆန္ဒပြခဲ့ကြသည့် ကျောင်းသားများနှင့် အခြားအင်အားစုများ ပဋိပက္ခဖြစ်ပွားရာ ကျောင်းသား ၂၅ ဦး ဒဏ်ရာရရှိသွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘတ်စ်ကားတစ်စီးဝင်တိုက်မှုကြောင့် ဆယ်ကျော်သက်ကျောင်းသားနှစ်ဦး သေဆုံးခဲ့ပြီးနောက် ကျောင်းသား ထောင်ပေါင်းများစွာ လမ်းများပေါ်သို့ ထွက်လာကာဆန္ဒပြခဲ့ကြရာ အထက်တန်းကျောင်းများကို ပိတ်ထားလိုက်ရသည်ဟု Aljazeera သတင်းတွင် ဖော်ပြထားသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်တက္ကသိုလ်တွင် ပုသိမ်တက္ကသိုလ် ကျောင်းသားလွှတ်တော် ၂၀၁၈ နှင့် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို ဩဂုတ်လ ၂ ရက်နေ့ နံနက်က ယင်းတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။
လူတစ်ရာကျော် အစာအဆိပ်သင့်ခဲ့သည့် ကနီမြို့နယ်၊ ဇီးပင်တွင်းကျေးရွာရှိ ချောင်းရေနှင့် ရေတွင်းရေနမူနာကို စစ်ဆေးရာ၌ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားစေသည့် E.coli ပိုးကိုတွေ့ရှိရကြောင်း ကနီမြို့နယ်ဆရာဝန်ကြီး ဒေါ်ဝေမာနွယ်က ပြောကြားသည်။
16-Jul-2018 tagged as ကျောင်းသား
ကနီမြို့နယ် ဇီးပင်တွင်းကျေးရွာ အထကခွဲကျောင်းမှ ကျောင်းသား ၁၀၀ ကျော် ဇူလိုင်လ ၁၅ ရက် ညပိုင်းမှ ၁၆ ရက်အထိ အစာဆိပ်သင့်မှုဖြစ်ကာ ဝမ်းလျှောခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း ဂူဝင်္ကပါထဲတွင် ပိတ်မိနေသော ကျောင်းသားကလေးများနှင့် ဘောလုံးနည်းပြဆရာ စုစုပေါင်း ၁၃ ဦးကို မိုးရေများ ထပ်မဝင်လာခင် ရှာဖွေကယ်ထုတ်နိုင်ရေး ကယ်ဆယ်ရေးအဖွဲ့များက ကြိုးစားနေရာ ပိတ်မိနေဖွယ်ရှိသည့် နေရာသို့ ရောက် လုနီးပါးဖြစ်နေပြီဟု ဘန်ကောက်ပို့စ် သတင်းတစ်ရပ်က ဖော်ပြထားသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ပြည်တက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင် မဲပေးရွေးချယ်ရသည့် ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲကို ပထမဆုံးအကြိမ်​အဖြစ်​ ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ပြည်​တက္ကသိုလ်​​ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ​ဟောင်း ကိုမြတ်​မင်းထက်​က ​ပြောကြားသည်​။
ချင်းတွင်းမြစ် တစ်ဖက်ကမ်း ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးဘုရားရှိ တိရစ္ဆာန်ရုံတွင် မွေးမြူထားသည့် မျောက်များအနက်မှ လွတ်နေသည့် မျောက်တစ်ကောင်က ဘုရားဖူးလာသည့် အထက်တန်း ကျောင်းသားတစ်ဦးကို ကိုက်ခဲ့ရာ ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် မေတ္တာရပ်ကွက် အလယ်တန်းကျောင်းခွဲ နှစ်ထပ်စာသင်ဆောင်တစ်ခုတွင် ဇွန်လ ၁၃ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ခိုတက်ဖမ်းသည့် တတိယတန်းကျောင်းသား ၃ ဦး အနက် တစ်ဦးပြုတ်ကျသေဆုံးခဲ့ကြောင်း ကျောက်ကြီးမြို့မရဲစခန်းထံမှ သိရသည်။