POST TAGGED AS

ကျောင်းသား

06-Nov-2016

ကျောင်းသား
ဘော်ဒါဆောင်မှ ပိုက်ဆံခိုးသည်ဟုဆိုကာ ၆ တန်း ကျောင်းသားကို ရိုက်နှက်
ရွှေဘို၊ နိုဝင်ဘာ ၆ 

ကန့်ဘလူမြို့နယ် ကာဘိုးစံပြကျေးရွာ ရှိ အင်အားမြှင့် ဘော်ဒါဆောင်တွင် နိုဝင်ဘာလ ၂ ရက်နေ့ညက ၆ တန်း ကျောင်းသားတစ်ဦးကို ပိုက်ဆံခိုးသည်ဟုဆိုကာ  ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ကျေးရွာမှ စုံစမ်းသိရှိရသည်။

ကန့်ဘလူမြို့နယ် ဝက်တိုးမြောက် ကျေးရွာအုပ်စု ညောင်ပေါင်ရင်း ကျေးရွာမှ ဘော်ဒါဆောင် လာနေသော ၆ တန်း ကျောင်းသားကို ပိုက်ဆံခိုးသည်ဟု ဆိုကာ ဂိုက်ဆရာတစ်ဦးက မျက်နှာကို လက်သီးဖြင့် သုံးချက်ထိုး၍ ၁ လက်မခွဲခန့် ပိုက်လုံးဖြင့် ခြေသလုံးကို ရိုက်နှက်ခဲ့ပြီး မိဘများထံ သားဖြစ်သူအား ပြန်လည်ခေါ်ယူရန် ဖုန်းဆက် အကြောင်းကြားခဲ့ခြင်းကြောင်း ဝက်တိုးမြောက် ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးစိုးလင်းက ပြေကြားခဲ့သည်။

နိုဝင်ဘာ ၃ ရက်နေ့ နံနက်တွင် မိဘများက သွားရောက်ခေါ်ယူခဲ့ပြီး အပြန်တွင် ၆ တန်း ကျောင်းသားက မိမိကို စခန်းကို အဖမ်းခိုင်းမယ် ခြိမ်းခြောက်ပြောဆိုကာ အတင်းအကျပ် ဝန်ခံခိုင်းခဲ့ကြောင်း ပြန်လည်ပြောကြားသဖြင့်  မိဘများက အဆိုပါဘော်ဒါမှ တာဝန်ရှိသူများကို အမှုဖွင့် ဆောင်ရွက်သွားရန် စီစဉ်ခဲ့ကြောင်း၊ ဘော်ဒါဆောင် ဆရာများက မိဘများ စိတ်ကျေနပ်တဲ့အထိ လာရောက် တောင်းပန်ပေးသွားမည်ဟု လာရောက် အသိပေးထားသဖြင့်  အဆိုပါ မိဘများထံ ထပ်ဆင့် အကြောင်းကြားထားပြီး ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ဆိုသည်။

“မနက်ဖြန် ဘော်ဒါက သက်ဆိုင်သူတွေ လာတောင်းပန်မယ်လို့ ပြောတယ်။ ကျေနပ်တာ၊ မကျေနပ်တာတော့ မိဘတွေ အပိုင်းပေါ့ ကလေးက ရိုက်လိုက်တဲ့နေ့က ဒဏ်မပေါ်ဘူး။ ဒီရက်မှ မျက်လုံးကလည်း ဖွင့်မရဘူး၊ ပိုက်လုံးနဲ့ရိုက်တော့ ပိုက်ကွဲပြီး ပေါင်တွေ ခြေသလုံးတွေမှာ ဒဏ်ရာတွေ ပေါ်လာတယ်” ဟု ဦးစိုးလင်းက ဆိုသည်။

အဆိုပါကိစ္စနှင့် ပက်သတ်၍ အင်အားမြှင့် ဘော်ဒါဆောင်ထံ ဆက်သွယ်မေးမြန်းရာ “မနက်ဖြန်မှာ ပညာရေးမှူး ဦးစိုးသန်းက ကျွန်တော်တိုနဲ့ ကလေးမိဘတွေနဲ့ နှစ်ဖက်လုံး ခေါ်ယူညှိနှိုင်းဆွေနွေးပေးဖို့ ရှိပါတယ်” ဟု ဘော်ဒါဆောင်ကျောင်းအုပ် ဦးသန်းထွန်းအောင်က ပြန်ဖြေကြားသည်။    




FOLLOW US