News

POST TAGGED AS

ကျောင်းဆရာ

ထို့ကြောင့် စာသင်သက် ၃၀ ဖြတ်သန်းခဲ့သည့် စာရေးသူအနေနှင့် အကြံပြုလိုသည်မှာ စာသင်သားတပည့်များအား ဥပမာများသုံး၍ နှိုင်းယှဉ်သင်ကြားပေးခြင်း၊ အတုယူစရာများ ပြော၍ သင်ကြားပေးခြင်း၊ အခွင့်အလမ်းများ ပြောပြခြင်း၊ ကလေးများစိတ်ကို တိုက်တွန်းဆွဲခေါ် လှုံ့ဆော်အားပေးခြင်းတို့ဖြင့် ပညာသားပါပါ သင်ကြားဖို့ အချိန်တန်ပေပြီ။
ပဲခူးမြို့နယ်၊ ရေတာရှည်-ရေနီမြို့နယ်အတွင်းမှ ရန်ကုန်-မန္တလေး လမ်းဟောင်းတစ်လျှောက် နေ့စဉ်ကျောင်းသွားလာရသည့် ကျောင်းဆရာ၊ ဆရာမများကို မီနီဘတ်ယာဉ်များဖြင့် အခမဲ့ကြို/ပို့ပေးနေသည်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ္မဖြစ်ကျေးရွာတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသော အလယ်တန်းပြကျောင်း ဆရာ ဦးအောင်ဇင်ထွန်း သေဆုံးမှု နှစ်လကြာသည့်တိုင် အမှုမှန် ပေါ်ပေါက်ခြင်း မရှိသေး
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု နမ္မဖြစ်ကျေးရွာတွင် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က အလယ်တန်း ကျောင်းဆရာတစ်ဦး အသတ်ခံရမှုသည် ပုဂ္ဂိုလ်ရေးအရ ဖြစ်နိုင်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လီဆူရေးရာဝန်ကြီးက ပြောကြားသည်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကျောင်းဆရာ ဦးအောင်ဇင်ထွန်း သေနတ်ဖြင့် ပစ်သတ်ခံရမှု အမှုမှန်ပေါ်ရေး သီတင်းတစ်ပတ်အတွင်း အစိုးရထံ စာပေးပို့ တောင်းဆိုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌတစ်ဦး ဖြစ်သူ ဒေါက်တာစိုင်းခိုင်မျိုးထွန်းက The Voice သို့ ပြောကြားသည်။
သေနတ်ဖြင့် ပစ်သတ်ခံရသောကြောင့် သေဆုံးသွားသည့် ကျောင်းဆရာ ဦးအောင်ဇင်ထွန်း နာရေးအတွက် ပညာရေးဝန်ကြီးဌာနက ကျပ် သုံးသိန်း ထောက်ပံ့မည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက The Voice သို့ ပြောကြားသည်။