News

POST TAGGED AS

ကျောင်းကား

၂၀၁၈-၂၀၁၉ ပညာနှစ်တွင် ကျောင်းကားပြေးဆွဲရာတွင် လိုက်ထရပ်ယာဉ်များ ပြေးဆွဲခွင့်မပြုထားဘဲ ကျောင်း ကြို/ပို့ ယာဉ်အဖြစ် ပြေးဆွဲနေသည်ကိုတွေ့ရှိပါက ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တိုင်းအစိုးရက ယခုပညာသင်နှစ်တွင် ဝင်ရောက်ပြေးဆွဲမည့် ကျောင်းကားတွင် ကြီးကြပ်သူ အမျိုးသမီး ၁၀၀ ခန့်အပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA (ကျောင်းကားစိစစ်ကြီးကြပ်ရေးအဖွဲ့) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ကျောင်းကားများ ပြေးဆွဲမှုအနေနှင့် ပြည်လမ်းရှိ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း (TTC) မှအပ ကျန် ၁၇ ကျောင်းမှာ ယခင်ပြေးဆွဲနေကျ ပုဂ္ဂလိက ကျောင်းကားဖြင့်သာ ပြေးဆွဲမည်ဖြစ်ကြောင်း ကျောင်းတာဝန်ခံများထံမှ သိရသည်။
အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ အူတာပရာဒေ့ရှ် ပြည်နယ်တွင် ကျောင်းကားနှင့် ရထားတိုက်မိပြီး ကလေးငယ် ၁၃ ဦး အသက်ဆုံးရှုံးခဲ့သည် ဟု BBC သတင်းဌာနတွင် ဖော်ပြသည်။